မြိုင်မှာ စစ်ကောင်စီပတ်ကင်းကို မိုင်းဆွဲတိုက်ခိုက်၊ တစ်ဦးပြင်းထန်ဒဏ်ရာရ

Author မင်းထက်
Categories
Published on Jul 23, 2024

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ကျေးရွာ စစ်တပ်အထိုင်စခန်းမှထွက်လာတဲ့ ပတ်ကင်းကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ ပျူစောထီးတစ်ဦး ခြေထောက်ပြတ်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

 

ပျူစောထီးနဲ့ စစ်ကောင်စီတပ်သားတွေ အထိုင်ချတပ်ဆွဲနေတဲ့ အဲဒီကျေးရွာအတွင်းကနေ ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့က ကင်းလှည့်ထွက်လာတဲ့ တပ်သား ခုနစ်ဦးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ဒီဘက်က သူတို့ထွက်အလာကို စောင့်ပြီး မိုင်းဆွဲတာ။ ချုံခိုတိုက်ခိုက်နည်းနဲ့ စခန်းတွင်းကနေ အပြင်ထွက်ချိန်တိုက်ခိုက်ခဲ့တာပါ” လို့ အညာမြေတပ်ပေါင်းစု ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။

 

အထက်ပါ တိုက်ခိုက်မှုတွင် အညာမြေ တပ်ပေါင်းစု တပ်ဖွဲ့နှင့်အတူ ဝံပုလွေပြောက်ကျားတပ်ဖွဲ့၊ မြိုင် ပကဖ၊ ဘာမထီ လက်နက်ကြီးတပ်ဖွဲ့၊ PKU တပ်ရင်း ၆ နဲ့ ၇ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ ဒီကနေ့ ဇူလိုင် ၂၃ ရက်မှာ အညာမြေတပ်ပေါင်းစုက သတင်းထုတ်ပြန်တာဖြစ်ပါတယ်။

 

ဓာတ်ပုံ – အညာမြေတပ်ပေါင်းစု

 

Related News

Depend on news