ဘီးလင်းက မစောတံတား မိုင်းခွဲခံရပြီး ကျိုးကျလို့ တစ်ဦးသေ လေးဦးဒဏ်ရာရ၊ ခရီးသွားကားတွေ ရာချီပိတ်မိ

Author လဂွန်းအိမ်
Categories
Published on May 23, 2024

မွန်ပြည်၊ ဘီးလင်းမြို့နယ် တောင်ကလေးကျေးရွာအနီးက မစောတံတားကျိုးကျတဲ့အတွက် ဒေသခံတစ်ဦး သေဆုံးပြီး ခရီးသွားပြည်သူတွေ လမ်းမှာပိတ်မိနေတယ်လို့ အဲဒီမှာ ပိတ်မိနေသူတွေဆီက သိရပါတယ်။

မစောတံတားဟာ ဒီကနေ့ မနက် ၄ နာရီကျော်လောက်မှာ ဖျက်ဆီးခံရတယ်လို့သိရပြီး ဘယ်အဖွဲ့ကလုပ်တယ်ဆို တာကိုတော့ CJ Platform အနေနဲ့ အတည်ပြုစုံစမ်းနေဆဲဖြစ်သလို တံတားဟာ တစ်ခြမ်းလုံး ပြိုကျပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်မှာရှိနေတဲ့ မစောတံတားကျိုးကျခဲ့တာကြောင့် ဘားအံ မော်လမြိုင်ဘက်ကကားတွေ သွားလာလို့မရတော့ဘဲ လမ်းမှာ နာရီပေါင်းများစွာ ပိတ်မိနေတဲ့အပြင် အနည်းငယ်လောက်ပဲရွေ့နိုင်တယ်လို့ အဲဒီမှာ ပိတ်မိနေတဲ့ ခရီးသွားအမျိုးသမီးတစ်ဦးက ပြောပါတယ်။

“ရန်ကုန်ဘက်သွားတဲ့ လမ်းကြောကတော့ နည်းနည်းပိုရွေ့တယ်။ သထုံဘက်သွားတဲ့ ယဉ်ကြောကတော့ နည်းနည်းပဲရွေ့တယ်။ သွားလို့တော့ ရမယ်ထင်တယ်” လို့ ခရီးသွားအမျိုးသမီးတစ်ဦးက CJ Platform ကိုပြောပါတယ်။

ပိတ်မိနေတဲ့ကားတွေဟာ ရာချီရှိနေတယ်လို့သိရပြီး အနီးအနားကနေ ထမင်းတစ်ဘူး ၅၀၀၀ ကျပ်၊ ရေတစ်ဗူး ၁၀၀၀ ကျပ်နဲ့ လာရောင်းနေကြတယ်လို့လည်း သိရပါတယ်။

တံတားကျိုးကျတာကြောင့် ဆိုင်ကယ် သုံးစီး တံတားအောက်ပြုတ်ကျခဲ့လို့ တစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ မစောတံတားအနီးမှာ ပိတ်မိနေသူတွေဆီက သိရပါတယ်။

အဲဒီတံတားလမ်းပိုင်းကိုရှောင်ကွင်းသွားလို့ရနိုင်တဲ့ တောလမ်းရှိပေမဲ့လည်း သုံးနာရီလောက်ကြာအောင် ဖြတ်သန်းသွား ရမယ့်အပြင် လက်ရှိမိုးရွာထားတာကြောင့် သွားလို့ ရ၊ မရမသေချာဘူးလို့ ခရီးသွားအမျိုးသားတစ်ဦးက ဆိုပါတယ်။

မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ ရန်ကုန်-မော်လမြိုင် ကားလမ်းပေါ်ရှိ ကျုံအိတ်တံတားကိုလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ဒုတိယအကြိမ်တိုက်ခိုက်ခံရပြီး အခုမေလအတွင်းမှာ ရန်ကုန်-မော်လမြိုင် ကားလမ်းပိုင်းရှိ တံတားတွေမကြာခဏ မိုင်းခွဲခံရမှုတွေဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဓာတ်ပုံ -လူမှုကွန်ရက်