တောင်ကုတ်မြို့သိမ်းတိုက်ပွဲထဲက အောင်ပွဲရမှတ်တမ်းဓာတ်ပုံတွေ AA ထုတ်ပြန်

Author အကြင်နာ
Categories
Published on Dec 22, 2024

ရခိုင်ပြည်တောင်ပိုင်း၊ တောင်ကုတ်မြို့ကို အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ဒီဇင်ဘာလ (၁၄) ရက်နေ့၊ ညနေ (၄) နာရီ (၁၀) မိနစ်ခန့်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။

 

အဲဒီမြို့သိမ်းတိုက်ပွဲအတွင်း ရယူထားတဲ့ မှတ်တမ်းဓာတ်ပုံတွေကို AA က ဒီကနေ့ ညနေပိုင်းမှာ ထုတ်ပြန်လာပါတယ်။

အဲဒီဓာတ်ပုံတွေထဲ တောင်ကုတ်ကအကြီးဆုံးတပ် အမှတ် (၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၅) တပ်မဌာနချုပ်၊ ခမရ-၅၄၄ ၊ ခမရ-၃၄၆၊ တောင်ကုတ်တက္ကသိုလ်တို့အပါအဝင် စစ်ကောင်စီရဲ့ တပ်စခန်းတွေအားလုံးရှေ့မှာ AA တပ်ဖွဲ့ဝင်တွေ မှတ်တမ်းရယူထားတာတွေ့ရပါတယ်။

 

ဓာတ်ပုံ – AA