“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (ဇူလိုင် ၁၃ မှ ၁၉ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 20, 2024

“ကျယောင်သန်းတဲ့ နိုင်ငံခြားငွေ”

 

ပြီးခဲ့တဲ့အပတ်‌တွေထဲ ဆက်တိုက်မြင့်တက်ခဲ့တဲ့ နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းဟာ ဒီတစ်ပတ်မှာတော့ အကျဘက်ကို ယောင်ယောင်ပြန်သန်းလာတယ်လို့ ဆိုရပါမယ်။

 

စစ်ကောင်စီက ငွေစက္ကူသစ်တွေ ရိုက်နှိပ်နေလို့ယူဆရလို့ ဘယ်အချိန် ဘယ်လောက်အထိ ပြန်တက်နိုင်မလဲ မသိသေးပါဘူး။

 

ဒီတစ်ပတ်ထဲ ပြီးခဲ့တဲ့အပတ်ကနဲ့နှိုင်းယှဉ်ပါက အမေရိကန် တစ်ဒေါ်လာကို ၉၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၁၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၆ ကျပ်ကျော်၊ ဂျပန်တစ်ယမ်းကို တစ်ကျပ်ခွဲ၊ မလေးရှားတစ်ရင်းဂစ် ၅၆ ကျပ်နဲ့ တရုတ်တစ်ယွမ် ၃၃ ကျပ်အထိ ကျဆင်းလာတာ တွေ့ရပါတယ်။

 

ပြည်တွင်းဘဏ်တွေမှာ ငွေထုတ်ယူရအခက်အခဲတွေဖြစ်ခဲ့ပြီး ဇူလိုင်လ ၁၅ ရက်နေ့မှာတော့ တစ်သောင်းတန် ငွေစက္ကူအသစ်တွေကို ဘဏ်တွေက ပြန်လည်ထုတ်ပေးလာတာကို တွေ့ရပါတယ်။

 

‌ဒါဟာ စစ်ကောင်စီက ငွေစက္ကူအသစ်တွေရိုက်ထုတ်ကာဖြေရှင်းခဲ့တာဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်အချို့ကဆိုပြီး ငွေကြေးဖောင်းပွမှုတွေ ပိုဖြစ်လာနိုင်မယ့် အခြေအနေဖြစ်တယ်လို့ ဆိုကြပါတယ်။

 

ဒီတစ်ပတ်ထဲ ငွေကြေးလဲလှယ်နှုန်း အနည်းငယ်ကျဆင်းခဲ့တာဟာလည်း ထပ်မံမြင့်တက်ဖို့အတွက် အားယူတာဖြစ်နိုင်တယ်လို့ လုပ်ငန်းရှင်တစ်ဦးကလည်း ဆိုပါတယ်။

 

ဇူလိုင်လ ၁၉ ရက် သောကြာနေ့အတွက် နိုင်ငံခြားငွေကြေး ဈေးကွက်အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၈၈၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၆၀၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၄ ကျပ်‌ကျော်၊ ဂျပန်တစ်ယမ်း ၃၁ ကျပ်နီးပါး၊ မလေးရှား တစ်ရင်းဂစ် ၁၀၃၃ ကျပ်နဲ့ တရုတ်တစ်ယွမ် ၆၆၈ ကျပ်ဖြစ်ပါတယ်။