သန်လျင်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲခံရ

Author CJ Platform
Categories
Published on May 21, 2025

ရန်ကုန်တိုင်း  သန်လျင်မြို့နယ် သန်လျင်တံတားအဆင်း လက်မှတ်ဂိတ်မှတ်တိုင်အနီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မေလ ၂၁ ရက် မနက် ၁၀ နာရီဝန်းကျင်မှာ အဝေးထိန်းမိုင်း အသုံးပြု ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) အဖွဲ့ဆီက  သိရပါတယ်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ ဖြတ်သန်းသွားလာရာ ကားတွေကို ငွေကြေးကောက်ခံနေတာကြောင့် အခုလို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

 

“ ပြင်းအားမြင့် အဝေးထိန်းမိုင်း ၁လုံး အသုံးပြု ဖောက်ခွဲခဲ့ပါတယ်။ အကြမ်းဖက်တပ်သားတွေ ထိခိုက်နိုင်ချေရှိပါတယ် ခင်ဗျ “ လို့ Operation Flame (OF) ရဲ့ တာဝန်ရှိသူတစ်ဦးက CJ Platform ကိုပြောပါတယ်။

 

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိခဲ့ပြီး အသေးစိတ်အခြေအနေတွေကို မသိရှိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရှိရပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ ဘေးကင်းရာကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ သိရှိရပါတယ်။

 

စစ်ဆင်ရေးကို Operation Flame (OF) ကနေလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရန်ကုန်တော်လှန်ရေး မဟာမိတ်များ အားလုံး တို့နဲ့အတူလက်တွဲပြီး စစ်ကောင်စီကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမှာဖြစ်တယ်လို့ Operation Flame (OF)က အသိပေးထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့