အင်းတော်ကို စစ်ကူလာတဲ့ စစ်ကြောင်းတစ်ခုလုံး အပြုတ်တိုက်ခံရ ၃၀ကျော်သေ၊ လက်နက် ၅၀ကျော်ရ

Author CJ Platform
Categories
Published on Mar 21, 2025

စစ်ကိုင်းတိုင်း အင်းတော်ကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း အတိုက်ခံရပြီး ၃၃ဦးသေဆုံးကာ လက် ၅၄လက် ရရှိခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက ဒီကနေ့ မတ်လ ၂၁ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

 

အင်းတော်မြို့နယ်အစပ် ကသာမြို့နယ် ပင်လွတ်ရွာအနီး ပန်းတောင်ကြီး ၊ ပန်းတောင်လေးတောင်မှကနေ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ်လ ၁၅ရက်နေ့မှာ KIA ၊ KPDF၊ ကသာခရိုင် တပ်ရင်း-၁၊ မိုးတားတိုက်နယ် ပကဖနဲ့ ကသာမြို့နယ် ပကဖတို့က ပူးပေါင်းတိုက်ခဲ့တာပဲဖြစ်ပါတယ်။

 

စစ်ကောင်စီရဲ့ စစ်ကြောင်းမှာ အင်အား ၁၅၀ခန့်ပါဝင်ပြီး ဗိုလ်မှူး လင်းထက်ဦးစီးကာ ခမရ ၁၀၆၊ ၃၀၉ ၊ ခလရ ၆ တို့ပူးပေါင်းပါဝင်တဲ့ စစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

 

တော်လှန်ရေးအင်အားစုတွေ စုပေါင်းတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၃၃ဦး သေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ MA-1 (၂၉) လက်၊ MA-2 (၆) လက်၊ MA-3 (၁၂) လက်၊ MA-4 (၃) လက်၊ MA-11 (၁) လက်၊ MA-15 (၁) လက်၊ Anti Drone Gun (၁) လက်၊ MA-10 ဗုံးသီး (၃၇) လုံး၊ MA ကျည် (၈၀၀၀) တောင့်၊ MA-15 ကျည် (၂၀၀၀) တောင့်၊ ၆၀ မမ ဗုံးသီး (၁၇) လုံး၊ ကျည်အိမ် (၁၁၃) ခု၊ ကျောပိုး Jammer (၁) ခု၊ ဆက်သွယ်ရေးစက် (၁) လုံး၊ အထိုင်ဖုန်း (၁) လုံး၊ ကျည်ကာဦးထုပ် (၁၂) လုံး သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

 

တိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့ရတယ်လို့လည်း အမှတ်(၁) စစ်ဒေသက ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – အမှတ်(၁) စစ်ဒေသ