ဒီကနေ့ အောက်တိုဘာ ၂၁ ရက်အတွက် မိုးလေဝသခန့်မှန်းချက်

Published on Oct 21, 2024

 

 

တိုင်းနဲ့ ပြည်နယ် ခုနစ်ခုမှာ မိုးကြီးနိုင်

 

“မိုးကြီးနိုင်တဲ့ ဒေသများ”

 

ဒီကနေ့ အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းအထိ နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

စစ်ကိုင်းတိုင်း(အထက်ပိုင်း)နဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား၊ စစ်ကိုင်းတိုင်း(အောက်ပိုင်း)၊ မန္တလေးတိုင်း၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်းပြည်နဲ့ ကရင်နီ(ကယား)ပြည်တို့မှာ နေရာကျဲကျဲ၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်(အရှေ့ပိုင်း)တို့မှာ နေရာစိပ်စိပ်နဲ့ ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ရွာဖို့ ရာနှုန်းပြည့်ဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”

 

ကပ္ပလီပင်လယ် မြောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းဆဲလ်ဟာ အနောက်-အနောက်မြောက်ဘက်ကို ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်း အပါအဝင် ဆက်စပ်နေတဲ့ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းတို့မှာ ဆက်လက်တည်ရှိနေပါတယ်။

 

ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အနောက်တောင်ပိုင်းတို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလားပင်လယ်အော်မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါတယ်။

 

“မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေ”

မကွေးတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ရခိုင်ပြည်တို့မှာ မိုးတိမ်တောင်တွေ ဖြစ်ပေါ်နေရှိပြီး အဲဒီမိုးတိမ်တောင်တွေ ရွေ့လျားရာတစ်လျှောက်မှာ မိုးရွာသွန်းတာနဲ့အတူ လေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတာတွေဖြစ်ပေါ်နိုင်လို့ စစ်ကောင်စီမိုးဇလက ကြိုတင်သတိထားကြဖို့ အကြံပြုထားပါတယ်။

 

“ပင်လယ်ပြင်လှိုင်းအမြင့်”

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ရံဖန်ရံခါ မိုးသက်လေပြင်းတွေ ကျရောက်ပြီး လှိုင်းကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

 

မိုးသက်လေပြင်းကျချိန် ရေပြင်/မြေပြင်လေဟာ တစ်နာရီ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သလို လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ ၉ ပေကနေ ၁၁ ပေလောက်အထိရှိနိုင်တယ်လို့ မိုးဇလက ဆိုထားပါတယ်။

 

“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”

နေပြည်တော်၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်၊ ကရင်ပြည်နဲ့ မွန်ပြည်တို့မှာ နေရာစိပ်စိပ်ကနေ နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာပြီး ဒေသအလိုက်နဲ့ နေရာကွက် မိုးကြီးနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။

 

Source – မိုးဇလ