မြင်းမူမှာ ဆေးခြောက်စိုက်ခင်းတစ်ခုကို ပကဖက မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ စိုးမိုးနယ်မြေတစ်ခုမှာ ဆေးခြောက်စိုက်ခင်းတစ်ခုကို မြင်းမူပကဖက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပကဖအသံက မတ်လ ၁၈ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ပကဖအဖွဲ့တွေက ဦးဆောင်ပြီး ပညာပေးကာ စိုက်ခင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြလာပေမဲ့ ဘယ်သူတွေ ဦးဆောင်စိုက်ပျိုးထားတဲ့ စိုက်ခင်းတွေဖြစ်တယ်ဆိုတာကိုတော့ ထည့်သွင်း မဖော်ပြထားပါဘူး။