အာဇာနည်နေ့အခမ်းအနားကို ရှေ့တန်းမှာ မြင်းခြံက ရဲဘော်တွေပြုလုပ်

Author မင်းထက်
Categories
Published on Jul 19, 2024

Myingyan Black Tiger (မြင်းခြံခရိုင်တပ်ရင်းအမှတ် ၉)က ရဲဘော်တွေဟာ ဒီကနေ့ကျရောက်တဲ့ ၇၇ နှစ်မြောက် အာဇာနည်နေ့အခမ်းအနားကို အရေးကြီးစစ်ဒေသရှေ့တန်းတစ်နေရာမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ပါတယ်။

 

Myingyan Black Tiger(MBT)တပ်ဖွဲ့ တပ်မှူးနဲ့ ရဲဘော်တွေဟာ အာဇာနည်ကိုးဦးနဲ့အတူ ခေတ်အဆက်ဆက်စစ်အာဏာရှင်တော်လှန်ရင်း ကျဆုံးသွားသူ အာဇာနည်တွေကို အလေးပြုဦးညွှတ်ခဲ့ကြပါတယ်။

အာဇာနည်တွေရဲ့ တော်လှန်စိတ်ဓာတ်ကို ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆုံးခန်းတိုင်တဲ့အထိ ဆန့်ကျင်တိုက်ခိုက်သွားမယ်လို့ ကတိပြုကြောင်း MBT က ရေးသားဖော်ပြထားပါတယ်။

 

ဓာတ်ပုံ – Myingyan Black Tiger(MBT)