“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (မေ ၁၂ ရက်မှ ၁၈ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 19, 2024

“မြန်မာငွေ ၄ထောင် ကျော်သွားတဲ့ အမေရိကန် တစ်ဒေါ်လာ”

 

စံချိန်တင် အပြောင်းအလဲဖြစ်ခဲ့တဲ့ ကျပ်ငွေလဲလှယ်နှုန်းတွေနဲ့ ဒီတစ်ပတ်ကတော့ ပြောစမှတ် တွင်စရာပါ။

 

ဒေါ်လာအမျိုးအစားတွေဖြစ်တဲ့ အမေရိကန်တစ်ဒေါ်လာဟာ မြန်မာကျပ်ငွေ လေးထောင် ကျော်လာခဲ့သလို စင်ကာပူတစ်ဒေါ်လာ လဲလှယ်နှုန်းကလည်း အမြင့်ဆုံးလို့ပြောရမဲ့ တစ်ဒေါ်လာ ၃၀၀၀ နီးပါးအထိဖြစ်ခဲ့တာပါ။ အရင်တစ်ပတ်လဲလှယ်နှုန်းတွေထက် အမေရိကန် တစ်ဒေါ်လာက ၇၀ ကျပ်နှုန်း မြင့်တက်ခဲ့တာဖြစ်ပြီး စင်ကာပူတစ်ဒေါ်လာက ၈၀ ကျပ်နှုန်း တိုးလာခဲ့တာပါ။

 

အလားတူ ကျန်ငွေကြေးတွေဟာလည်းတက်နှုန်းမြင့်ခဲ့ပြီး ထိုင်းတစ်ဘတ် ၃ ဒဿမ ၃ ကျပ်နှုန်း၊ ဂျပန်တစ်ယမ်း သုညဒဿမ ၄၃ ကျပ်၊ တရုတ်တစ်ယွမ် ၅ ကျပ်နှုန်းစီ တိုးခဲ့ပြီး မလေးရှား တစ်ရင်းဂစ်ကသာ ၅၀ ကျပ်နှုန်း ကျဆင်းခဲ့တာပါ။

 

မေလ ၁၈ ရက်နေ့ နိုင်ငံခြားငွေကြေး လဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန် တစ်ဒေါ်လာ ၄၀၃၀ ကျပ်၊ စင်ကာပူ တစ်ဒေါ်လာ ၂၉၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၁၁ ဒဿမ ၇၃ ကျပ်၊ ဂျပန် တစ်ယမ်း ၂၅ ဒဿမ ၈၉ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၈၄၇ ကျပ်၊ တရုတ်တစ်ယွမ် ၅၅၅ ကျပ်တိတိ လဲလှယ်နှုန်းရှိခဲ့ပါတယ်။