“ဒီတစ်ပတ် စက်သုံးဆီစျေး အခြေအနေ” (မေ ၁၂ ရက်မှ ၁၈ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 19, 2024

“ဒီဇယ်ပြန်တက်ပြီး ဓာတ်ဆီဆက်ကျ”

 

ပြီးခဲ့တဲ့ အပတ်က ဈေးတွေဆက်တိုက်ကျနေတဲ့ စက်သုံးဆီတွေဟာ ဒီတစ်ပတ်မှာတော့ အပြောင်းအလဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။ ဒီဇယ်အမျိုးအစားတွေဟာ အရင်အပတ်ကထက် ဈေးနှုန်းပြန်တက်လာပြီးတော့ ဓာတ်ဆီအမျိုးအစားတွေဟာ ဆက်ပြီးကျဆင်းခဲ့တာပါ။

 

ရိုးရိုးဒီဇယ် တစ်လီတာကို ၂၃၂၅ ကျပ်ကနေ ၂၀ ကျပ်နှုန်းတိတိ တက်လာခဲ့သလို အဆင့်မြင့်ဒီဇယ် တစ်လီတာကလည်း ၂၃၇၀ ကျပ်ကနေ ၂၅ ကျပ်နှုန်း မြင့်တက်ခဲ့ကာ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၆၆၀ ကျပ်မှ ၃၅ ကျပ် ထပ်မံကျဆင်းခဲ့ရုံမက 95 အောက်တိန်းတစ်လီတာဟာ ၂၇၆၅ ကျပ်မှ ၁၅ ကျပ် ဆက်လက်ကျဆင်းခဲ့ပါတယ်။

 

မေလ တတိယပတ်ရဲ့ စက်သုံးဆီဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ရိုးရိုးဒီဇယ်တစ်လီတာ ၂၃၄၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၂၃၉၅ ကျပ် နဲ့ ဓာတ်ဆီအမျိုးအစားတွေအဖြစ် 92 အောက်တိန်းတစ်လီတာ ၂၆၂၅ ကျပ် ၊ 95 အောက်တိန်းတစ်လီတာ ၂၇၅၀ ကျပ် ဈေးရှိပါတယ်။