ကမာရွတ်မြို့မရဲစခန်း လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ

Author CJ Platform
Categories
Published on Apr 19, 2025

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် မြို့မရဲစခန်းကို မြို့ပြတော်လှန်ရေးအဖွဲ့တွေက ဧပြီ ၁၈ရက်နေ့ ည ၉နာရီ ၅၇မိနစ်မှာ လက်ပစ်ဗုံးနှစ်လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Operation Flame (OF) ဆီက သိရပါတယ်။

 

တိုက်ခိုက်မှုကို Operation Flame (OF)နဲ့ မဟာမိတ် Yangon UG People Army – YUPA တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ထိခိုက်သေဆုံးမှုတွေကိုတော့ မသိရှိရသေးဘူးလို့ သိရပါတယ်။

 

“ကမာရွတ် ရဲစခန်း ရဲ​ေ×ွးကင်း ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ – OF & YUPA Mission completed!!!

လက်ပစ်၂လုံးပစ်ထည့်ခဲ့ပါတယ်။ ထိခိုက်မှုရှိနိုင်ပါတယ်။ ရဲဘော်တွေ ဘေးကင်း.. SAFEပါ”လို့ ပူးပေါင်းအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

ဆက်လက်ပြီး ရန်ကုန်တော်လှန်ရေးအင်အားစုတွေ စုစည်းကာ စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမယ်လို့လည်း Operation Flame (OF) က ထုတ်ပြန်ထားပါတယ်။

 

ဓာတ်ပုံ – ပေးပို့