“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဇန်နဝါရီ ၁၃ ရက်ကနေ ၁၈ ရက်နေ့အထိ)
“အမြင့်မှာဆက်ရှိနေတဲ့ ရွှေဈေး”
ပြီးခဲ့တဲ့အပတ်ကတည်းက မြင့်တက်နေတဲ့ရွှေဈေးနှုန်းတွေဟာ လျော့ကျမသွားဘဲ ဒီတစ်ပတ်ထဲမှာလည်း အမြင့်ဈေးမှာပဲ ဆက်ရှိနေခဲ့တာတွေ့ရပါတယ်။
ပြင်ပရွှေဈေးကွက်အတွင်း ဒီတစ်ပတ် ဗုဒ္ဓဟူးနေ့မှာ အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည် တစ်ကျပ်သား ၆၇ သိန်းအထိမြင့်တက်ခဲ့တာတွေ့ရပါတယ်။ အဲဒီနောက် ဈေးကွက်အပိတ်နေ့မှာတော့ ၆၅ သိန်းကို ပြန်ရောက်သွားပါတယ်။ ဒီဈေးဟာ ပြီးခဲ့တဲ့အပတ်ကထက် ၁၆ ပဲရည် တစ်ကျပ်သားကို ခြောက်သောင်းလောက်မြင့်တက်လာတာဖြစ်ပါတယ်။
စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးနှုန်းကတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ကျပ်သုံးသောင်းခန့်ပဲမြင့်တက်ခဲ့တာကိုတွေ့ရပါတယ်။
ပြည်တွင်းဈေးကွက်မှာ ရွှေအဝယ်ပြန်လိုက်လာခြင်းနဲ့ ကမ္ဘာ့ရွှေဈေးမြင့်တက်ခြင်းကြောင့် ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာတာဖြစ်တယ်လို့ ဈေးကွက်ကျွမ်းကျင်သူတွေက ပြောပါတယ်။
ကမ္ဘာ့ရွှေဈေးကွက်အတွင်း ဈေးနှုန်းတွေ ဒီတစ်ပတ်မှာလည်း ထပ်မံမြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း တစ်အောင်စကို အမေရိကန်ဒေါ်လာ ၁၅ ဒေါ်လာခန့်မြင့်တက်လာတယ်လို့ သိရပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ကျပ် ၆၁ သိန်း တစ်သောင်းခွဲကျပ်၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၅ သိန်းကျပ်၊ YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၄ သိန်း တစ်သောင်းကျပ်ဈေးဖြစ်ပါတယ်။
Source – Myanmar Market Price