Published on Nov 03, 2024

“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ” (အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၂ ရက်အထိ)

 

CJ Platform

 

“ကျပ်ငွေ ပြန်မာလို့ နိုင်ငံခြားငွေတွေ ပြန်ကျ”

 

ပြီးခဲ့တဲ့အပတ်တုန်းက ကျပ်ငွေဈေးကျပြီး နိုင်ငံခြားငွေဈေးတွေ တက်ခဲ့ပေမဲ့ ဒီတစ်ပတ်ထဲတော့ ကျပ်ငွေဈေး ပြန်တက်လာတာတွေ့ရပါတယ်။

 

ဒါကြောင့် အမေရိကန်ဒေါ်လာ၊ ဘတ်နဲ့ ယွမ်ငွေတွေအပါအဝင် နိုင်ငံခြားငွေဈေးတွေ ကျဆင်းလာပါတယ်။ ဒါပေမဲ့ အပိတ်နေ့ စနေမှာတော့ အမေရိကန်ဒေါ်လာနဲ့ ဘတ်ငွေဈေးတွေ အနည်းငယ်ပြန်တက်လာတာတွေ့ရပါတယ်။

 

ဒီတစ်ပတ်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၁၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၄၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို လေးကျပ်၊ တရုတ်တစ်ယွမ်ကို ၂၄ ကျပ်၊ မလေးရှားတစ်ရင်းဂစ်ကို ၄၀ ကျပ်နဲ့ ဂျပန်တစ်ယမ်းကို တစ်ကျပ်လောက်ကျဆင်းသွားပါတယ်။

 

စနေနေ့ ငွေကြေးဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာ ၄၅၂၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၄၂၀ ကျပ်၊ ထိုင်းတစ်ဘတ်ကို ၁၃၃ ကျပ်၊ တရုတ်တစ်ယွမ် ၆၃၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၃၀ ကျပ်နဲ့ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်ဈေးဖြစ်ပါတယ်။

 

Source – Myanmar Market Price