“ဒီကနေ့ အောက်တိုဘာ ၂၈ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်”

မုန်တိုင်းထရမ်မီ ပျက်ပြယ်တော့မယ်

CJ Platform

မုန်တိုင်းထရမ်မီကတော့ မကြာခင်အချိန်အတွင်း အားပျော့ပျက်ပြယ်သွားတော့မှာဖြစ်တယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယမန်နေ့ အောက်တိုဘာ ၂၇ ရက် ညပိုင်းမှာ အသိပေးထားပါတယ်။ မုန်တိုင်း KONG-REY ကတော့ တောင်တရုတ်ပင်လယ်နဲ့ ဆန့်ကျင်ဘက်အရပ်ကို ရွေ့လျားသွားမှာ ဖြစ်တာကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ သိရပါတယ်။