တောင်ငူရွှေဆံတော်ဘုရားမှာ လေဖြတ်နေတဲ့ ရဟန်းတစ်ပါး စွန့်ပစ်ခံရ

တောင်ငူမြို့ ရွှေဆံတော်ဘုရားတောင်ဘက်စောင်းတန်းမှာ ဇွန်လ ၁၆ရက်နေ့ ညနေပိုင်းက လေဖြတ်နေတဲ့ ရဟန်းတစ်ပါးကို ရဟန်းအချင်းချင်း လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့ပါတယ်။
သွားရောက်ကူညီခဲ့တဲ့ Save The Trees Rescue Team ရဲ့ မေးမြန်းမှုအရ စွန့်ပစ်ခံရတဲ့ ရဟန်းဟာ ဘွဲ့အမည် ဦးပညာစာရဖြစ်ပြီး သက်တော် ၆၂နှစ် ရှိနေပြီပဲဖြစ်ပါတယ်။ လူအမည်ဟာ ဦးမြဝင်းဖြစ်ပြီး ရေးမြို့နယ် ဓမင်းဆိပ်ကျေးရွာ ဇာတိဖြစ်တယ်လို့ သိရပါတယ်။
“တစ်ကိုယ်လုံး မစင်အညစ်ကြေးတွေနဲ့ပေနေလို့ ရေချိူးသန့်စင်ပြီး သင်္ကန်းအသစ်လှုပေး ဒိုက်ပါလဲပြီး ဆေးရုံတင်ဆေးကုပေးပါမယ်”လို့ Save The Trees Rescue Team အဖွဲ့က ဖော်ပြထားပါတယ်။
စွန့်ပစ်ခံရဟန်းရဲ့ မိသားစုဝင်တွေအနေနဲ့ ဒီသတင်းကိုသိရှိပါက 09256666575 ကို ဆက်သွယ်ပေးဖို့ကိုလည်း Save The Trees Rescue Team က အသိပေးထားပါတယ်။
ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။
CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။