မာရဇ္ဇရဲ့ သီချင်းသံစဉ်တွေနဲ့ ရုပ်ပုံလွှာကို ခွင့်ပြုချက်မရဘဲ ဘယ်နေရာမှာမှ အသုံးမပြုဖို့ ဇနီးဖြစ်သူ ကြေညာ

Author CJ Platform
Categories
Published on Feb 17, 2025

ကွယ်လွန်သူ တေးသံရှင် မာရဇ္ဇရဲ့ သီချင်းသံစဉ်တွေနဲ့ ရုပ်ပုံလွှာတွေကို ခွင့်ပြုချက်မရဘဲ ဘယ်နေရာမှာမှ အသုံးမပြုဖို့ မာရဇ္ဇရဲ့ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းက ဒီကနေ့ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့ထုတ် သတင်းစာတွေကနေတဆင့် အသိပေး ကြေညာခဲ့ပါတယ်။

 

တေးသံရှင် မာရဇ္ဇရဲ့ တေးသီချင်းတွေ၊ သံစဉ်တွေ၊ ရုပ်ပုံလွှာတွေကို တစ်စိတ်တစ်ဒေသဖြစ်စေ၊ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ဇနီးဖြစ်သူ ဒေါ်စန်းစန်းဝင်းရဲ့ ခွင့်ပြုချက်မရဘဲ မည်သည့်နေရာမှ သုံးစွဲတာတွေ မလုပ်ဆောင်ဖို့ ကြေညာလိုက်တာပါ။

 

“သိပ်မကြာဘူး ပြန်ဆိုတေးတွေနဲ့ လုပ်စားကြမှာစိုးရိမ်လို့ ကြေညာတာလို့ပဲမြင်ပါတယ်၊ မြန်မာပြည်မှာက မူပိုင်ခွင့်ဆိုတာကို အလေးထားကြတာ မဟုတ်ဘူးလေ ခေတ်ပျက်ကြီးမှာ ပိုဆိုးတာပေါ့”လို့ မာရဇ္ဇရဲ့ တေးသီချင်းတွေကို နှစ်သက်သူ သူ့ရဲ့ ပရိသတ်တစ်ဦးက မှတ်ချက်ပြုပါတယ်။

 

ကိုယ်ပိုင်သံစဉ် သီချင်းများစွာကို ရေးသားခဲ့သူ တေးသံရှင် မာရဇ္ဇဟာ ဇန်နဝါရီ ၂၃ရက်နေ့မှာ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။