“ဒီတစ်ပတ် စက်သုံးဆီအခြေအနေ” (နိုဝင်ဘာလ ၁၁ ရက်ကနေ ၁၆ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Nov 17, 2024

“စက်သုံးဆီဈေးအားလုံး ကျ”

 

ပြီးခဲ့တဲ့အပတ်အတွင်း အောက်တိန်းဈေးတွေ ကျပြီး ဒီဇယ်ဈေးတွေ တက်ခဲ့ပေမဲ့ ဒီတစ်ပတ်ထဲမှာတော့ အမျိုးအစားအားလုံးကျဆင်းသွားပါတယ်။

 

နိုဝင်ဘာ ၁၅ ရက် သောကြာနေ့မှာ စက်သုံးဆီဈေးကွက်အတွင်း အောက်တိန်းဈေးနှုန်းတွေ တစ်လီတာကို ၁၀ နဲ့ ၂၀ ကျပ်ဆက်လက်ကျဆင်းခဲ့ပြီး ဒီဇယ်ဈေးနှုန်းတွေကတော့ တစ်လီတာ ၂၅ ကျပ်နဲ့ ၃၅ ကျပ် အသီးသီးကျဆင်းခဲ့တာတွေ့ရပါတယ်။

 

စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေကို နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform)ကနေ အမေရိကန်ဒေါ်လာ ၃၅ သန်းရောင်းချပေးမယ်လို့ နိုဝင်ဘာလ ၁၆ ရက် စနေနေ့မှာ ကြေညာချက်ထုတ်ပြန်ထားပါတယ်။

 

နိုဝင်ဘာ ၁၆ ရက်၊ စနေနေ့ ရန်ကုန်မြို့က စက်သုံးဆီဆိုင်ကြီးတွေမှာ ရိုးရိုးဒီဇယ်တစ်လီတာ ၂၆၆၅ ကျပ်၊ အဆင့်မြင့်ဒီဇယ်တစ်လီတာ ၃၃၁၀ ကျပ်၊ အောက်တိန်း 92 တစ်လီတာ ၃၀၁၀ ကျပ်နဲ့ အောက်တိန်း 95 တစ်လီတာ ၃၂၀၀ ကျပ်ဈေးရှိနေပါတယ်။

 

Source – Myanmar Market Price