မင်္ဂလာဒုံ ခမရ ၁၀၆ တပ်ကို တိုက်ခိုက်

Author လဂွန်းအိမ်
Categories
Published on Oct 17, 2024

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ လှော်ကားလမ်းဆုံအနီးရှိ စစ်ကောင်စီတပ် ခမရ(၁၀၆)တပ်စခန်းကို Dark Shadow UG အဖွဲ့က ယမန်နေ့ အောက်တိုဘာ ၁၆ ရက် ညနေ ၆ နာရီခွဲခန့်မှာ အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ အဲဒီအဖွဲ့က ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

 

“တပ်ရဲ့အနီးဆုံးနေရာထိ နှစ်လုံးတွဲကို တစ်ခါတည်း ဖောက်ခွဲခဲ့တာပါ။ ရဲဘော်တွေ ဘေးကင်းကင်းနဲ့ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်” လို့ Dark Shadow အဖွဲ့ရဲ့ တာဝန်ခံ ရဲဘော်အရိပ်(ခ)ပန်ဒါက CJ Platform ကို ပြောပါတယ်။

 

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုအခြေအနေကိုတော့ ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ၎င်းက ဆက်ပြောပါတယ်။

 

Dark Sadow တပ်ဖွဲ့ဝင်တွေအနေနဲ့ နောက်ထပ် စစ်ကောင်စီပစ်မှတ်တွေကို ဆက်လက်တိုက်ခိုက် ချေမှုန်းသွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပြင် စစ်ကောင်စီနဲ့ ပတ်သက်တဲ့ နေရာတွေကို သွားလားခြင်းမပြုလုပ်ဘဲ ဝေးဝေးနေကြဖို့ ပြည်သူတွေကို အသိပေးမေတ္တာရပ်ခံလိုက်ပါတယ်။

 

ဓာတ်ပုံ – လူမှုကွန်ရက်

 

ပုံစာ – ခမရ(၁၀၆)တပ်ရင်း အဝင်ဂိတ်ကိုတွေ့ရစဉ်