“ဒီတစ်ပတ် ကျပ်ငွေ အပြောင်းအလဲ  (ဇွန် ၉ ရက်မှ ၁၅ ရက်အထိ)

Author လင်းနွေဦး
Categories
Published on Jun 16, 2024

“တက်မြဲ တက်ဆဲ နိုင်ငံခြားငွေကြေးများ”

 

အရင်အပတ်က ပြန်လည်ကျဆင်းခဲ့တဲ့ အမေရိကန် ဒေါ်လာအပါအဝင် နိုင်ငံခြားငွေကြေး အားလုံးဟာ ဒီတစ်ပတ်မှာလည်း ဆက်လက်မြင့်တက်ခဲ့တာကြောင့် ကျပ်ငွေတန်ဖိုး ဆက်လက်ကျဆင်းခဲ့တဲ့ ရက်သတ္တပတ်လို့ ပြောရပါမယ်။

 

အမေရိကန် တစ်ဒေါ်လာ ကို မြန်မာငွေ ၄၃၂၀ ကျပ်ကနေ ၁၃၀ ကျပ်နှုန်း ပြန်လည်မြင့်တက်လာခဲ့သလို စင်ကာပူတစ်ဒေါ်လာကလည်း ၃၂၁၀ ကျပ်ကနေ ၁၁၀ ကျပ်နှုန်း ဆက်တိုးလာခဲ့တာပါ။

 

အလားတူ ထိုင်းတစ်ဘတ် ၄ ဒဿမ ၃၆ ကျပ်၊ ဂျပန်တစ်ယမ်း ၁ ဒဿမ ၁၈ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၄၂ ကျပ် နဲ့ တရုတ်တစ်ယွမ် ၃၁ ကျပ် လဲလှယ်နှုန်း ထပ်မြင့်တက်ခဲ့ပါတယ်။

 

ဇွန်လ ဒုတိယအပတ် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်း ဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၄၅၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၁၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၂၂ ဒဿမ ၇၀ ကျပ်၊ ဂျပန် တစ်ယမ်း ၂၈.၄၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ် ၉၆၀ ကျပ် နဲ့ တရုတ်တစ်ယွမ် ၆၂၅ ကျပ် လဲလှယ်နှုန်းရှိခဲ့ပါတယ်။