“စင်ကာပူဒေါ်လာနဲ့ ယွမ်ကလွဲပြီး ကျန်နိုင်ငံခြားငွေဈေးတွေ ကျဆင်း” “ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၅ ရက်နေ့အထိ)

ပြင်ပနိုင်ငံခြားငွေဈေးကွက်အတွင်း စင်ကာပူဒေါ်လာနဲ့ တရုတ်ယွမ်တို့ အနည်းငယ်ဆီ မြင့်တက်ခဲ့ပြီး အခြား နိုင်ငံခြားငွေဈေးနှုန်းတွေ အနည်းငယ်စီ ကျဆင်းလာတာကို တွေ့ရပါတယ်။
စစ်ကောင်စီဗဟိုဘဏ်ရဲ့ အွန်လိုင်းနိုင်ငံခြားငွေဈေးကွက်(FX)ကနေ ဒီတစ်ပတ် အင်္ဂါနေ့မှာ အမေရိကန်ဒေါ်လာ သန်း ၂၁ ဒသမ ၄ သန်းကျော်၊ ထိုင်းဘတ် ၅ သိန်း၊ ကြာသပတေးနေ့မှာ တရုတ်ယွမ် ၅ သိန်းကျော်၊ ထိုင်းဘတ် ၆ သိန်းနီးပါးနဲ့ အိန္ဒိယရူပီး ၄ သန်းကျော် ထုတ်ရောင်းပေးခဲ့တာကို တွေ့ရပါတယ်။
ဒါ့အပြင် သောကြာနေ့မှာတော့ အမေရိကန်ဒေါ်လာ ၁ သိန်းကျော်၊ တရုတ်ယွမ် တစ်သန်းနဲ့ ထိုင်းဘတ် ၉ သိန်းခွဲကျော်ကို ရောင်းချပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်က ကြေညာထားပါတယ်။
ဒီတစ်ပတ်မှာတော့ ကန်တစ်ဒေါ်လာကို ၁၀ ကျပ်၊ မလေးရှား တစ်ရင်းဂစ်ကို ၇ ကျပ် ကျဆင်းခဲ့ပြီး စင်္ကာပူ တစ်ဒေါ်လာကို ၄၀ ကျပ်နဲ့ တရုတ် တစ်ယွမ်ကို ၃ ကျပ် အသီးသီးမြင့်တက်ခဲ့တာကို တွေ့ရတဲ့အပြင် စင်္ကာပူဒေါ်လာကတော့ ကြာပတေးနေ့က စတင်ကာ တစ်ဒေါ်လာကို ၁၀ ကျပ်နှုန်းနဲ့နေ့စဉ်မြင့်တက်ခဲ့တာကို တွေ့ရပါတယ်။
စနေနေ့ နိုင်ငံခြားငွေကြေးဈေးနှုန်းတွေကတော့ အမေရိကန်တစ်ဒေါ်လာ ၄၅၀၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၃၉၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၂ ကျပ်ကျော်၊ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်၊ မလေးရှားတစ်ရင်းဂစ် ၁၀၁၅ ကျပ်၊ တရုတ်တစ်ယွမ် ၆၁၈ ကျပ်နဲ့ ကိုရီးယားတစ်ဝမ် ၃ ကျပ်ကျော်ဈေးရှိတယ်လို့ သိရပါတယ်။