မကွေးမြို့ အောင်မြေဓမ္မရတနာကျောင်းတိုက် မီးလောင်မှုကြောင့် အိမ်နှစ်လုံးနှင့် ဂိုဒေါင်တစ်လုံးပျက်စီး

Author လဂွန်းအိမ်
Categories
Published on May 01, 2024

မကွေးမြို့ အောင်မေတ္တာရပ်ကွက် ၁၅လမ်းရှိ အောင်မြေဓမ္မရတနာကျောင်းတိုက်တွင် မေ ၁ရက် နေ့လယ် ၁၁နာရီခန့်တွင် မီးလောင်ကျွမ်းမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ခေမာလူမှုကယ်ဆယ်ရေးအသင်းထံမှ စုံစမ်းသိရှိရသည်။

 

မီးလောင်မှုဖြစ်စဉ်သို့ မကွေးမီးသတ်ဌာနမှ မီးသတ်ယဉ်များနှင့်အတူ ခေမာလူမှုကယ်ဆယ်ရေးအသင်းမှလည်း အချိန်နှင့်တပြေးညီ သွားရောက် မီးငြှိမ်းသတ်နိုင်ခဲ့ခြင်းကြောင့် ၄၅ မိနစ်အကြာတွင် မီးငြိမ်းသွားခဲ့ကြောင်း သိရှိရသည်။

” ဝါယာရှော့ကြော င့်လောင်တာဖြစ်မယ်ဗျ၊ ဘာကြောင့်ဆိုတာတော့ သက်ဆိုင်ရာတာဝန်ရှိသူတွေပဲ ထုတ်ပြန်ပါလိမ့်မယ်၊ အဆောက်အဦ ၂ လုံး မီးထဲပါသွားပါတယ်၊ ဘုန်းကြီးကျောင်းရယ် အုတ်တံတိုင်း ခြားထားတဲ့ အဆောက်အဦးတစ်လုံးရယ် ပါသွားတာပါ” ဟု ခေမာလူမှုကယ်ဆယ်ရေးအသင်းတာဝန်ရှိသူ ကိုပိုင်က CJ Platformကို ပြောသည်။

 

မီးလောင်မှုကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနှင့် ဂိုဒေါင်တစ်လုံး မီးလောင်ပျက်စီးသွားခဲ့ရပြီး ဂိုဒေါင်မှာ စားသောက်ကုန်ပစ္စည်းများ သိုလှောင်ထားသည့် အဆောက်အဦဖြစ်ကာ လူထိခိုက်သေဆုံးမှုမရှိကြောင်း စုံစမ်းသိရှိရသည်။

 

ဓာတ်ပုံ- ခေမာ လူမှုကယ်ဆယ်ရေးအသင်း

Related News

Depend on news