အလယ်ပိုင်းဒေသအပါအဝင် ဒေသအများစု ညအပူချိန်တွေ ဆက်လက်လျော့ကျလာနိုင် “ဒီကနေ့ ဇန်နဝါရီ ၁၅ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“ညအပူချိန်များ”
ရန်ကုန်အပါအဝင် တိုင်းနဲ့ ပြည်နယ် ခြောက်ခုမှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်အောက်ကျဆင်းခဲ့ပြီး မန္တလေး၊ စစ်ကိုင်းနဲ့ မကွေးတို့မှာ ဇန်နဝါရီလရဲ့ ပျမ်းမျှအပူချိန်ထက်ပိုခဲ့ပါတယ်။
ဒီကနေ့ ချင်းပြည်၊ ဟားခါးမြို့မှာ အနုတ် ၁ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးကျဆင်းနိုင်ပြီး အမြင့်ဆုံးအပူချိန်ကတော့ ၁၇ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် စစ်တွေမြို့နဲ့ ပဲခူးမြို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ဟုမ္မလင်းမြို့နဲ့ ထားဝယ်မြို့မှာ ၁၄ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့နဲ့ မကွေးမြို့တို့မှ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်ပါမယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၄ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၆ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၇ ကနေ ၂၉ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
ဒါ့အပြင် မုံရွာမြို့မှာ ၁၆ ဒီဂရီစင်တီဂရိတ်၊ ပုသိမ်မြို့နဲ့ မော်လမြိုင်မြို့တို့မှာ ၁၇ ဒီဂရီစင်တီဂရိတ်အထိ ညအပူချိန်တွေ ကျဆင်းနိုင်ပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်း၊ ကချင်ပြည်၊ ကရင်ပြည်၊ ချင်းပြည်နဲ့ မွန်ပြည်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ အများအားဖြင့် သာယာပါမယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအသင့်အတင့်ရှိပါမယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ