“ဒီတစ်ပတ် ရွှေဈေး အတက်အကျ” (ဇူလိုင်လ ၇ မှ ၁၃ ရက်အထိ)

Author လဂွန်းအိမ်
Categories
Published on Jul 13, 2024

“တစ်ကျပ်သား သိန်း ၆၀ နီးပါးပြန်ဖြစ်လာတဲ့ ပြည်တွင်းရွှေဈေး”

 

အရင်အပတ်ကတည်းက ပြန်လည်မြင့်တက်လာတဲ့ ပြည်တွင်းရွှေဈေးဟာ အခုအပတ်ထဲမှာလည်း သိန်းနဲ့ချီ ထပ်တက်လာပါတယ်။

 

ပြင်ပရွှေဈေးကွက်ထဲ တစ်ပတ်အတွင်း ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား လေးသိန်းအထိ မြင့်တက်ခဲ့ပြီး ၁၅ ပဲရည်လည်း တစ်ကျပ်သားကို လေးသိန်းနီးပါးမြင့်တက်ခဲ့တာ တွေ့ရပါတယ်။

 

ဒါကြောင့် ဇူလိုင်လ ၁၃ ရက် စနေနေ့မှာ ပြင်ပဈေးကွက်ထဲ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၉ သိန်း ငါးသောင်းကျပ်၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၅၅ သိန်း ရှစ်သောင်းကျပ်နဲ့ ဈေးအထိ ရှိခဲ့ပါတယ်။

 

အဲဒီလို ပြင်ပရွှေဈေးတွေ မြင့်တက်နေပေမဲ့ စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA)ရဲ့ သတ်မှတ်ဈေးကတော့ အနည်းငယ်သာပြောင်းလဲ ခဲ့ပါတယ်။ YGEA ရဲ့ အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သား ၄၆ သိန်းခွဲဝန်းကျင်ပဲ ရှိခဲ့ပါတယ်။

 

ဒါ့အပြင် ကမ္ဘာ့ရွှေဈေးနှုန်းလည်း ပြီးခဲ့တဲ့အပတ်ကထက် မြင့်တက်လာတာတွေ့ရပါတယ်။

ကမ္ဘာ့ရွှေဈေးကွက်ထဲ ပြီးခဲ့တဲ့အပတ် စနေမှာ တစ်အောင်စကို အမေရိကန် ၂၃၉၁ ဒေါ်လာနဲ့ ဈေးကွက်ပိတ်ခဲ့ရာကနေ ဒီတစ်ပတ်မှာတော့ ၂၄၁၁ ဒေါ်လာနဲ့ပိတ်ခဲ့တာကြောင့် တစ်ပတ်အတွင်း တစ်အောင်စ အမေရိကန်ဒေါ်လာ ၂၀ ကျော် တက်သွားခဲ့တာဖြစ်ပါတယ်။

 

ကမ္ဘာ့ရွှေဈေးဟာ ဒီတစ်ပတ် ကြာသပတေးနေ့က တစ်အောင်စ ၂၄၂၂ ဒေါ်လာအထိ အမြင့်ဆုံးတက်ခဲ့ပါတယ်။