နောင်ချိုကို စစ်ကောင်စီဗုံးထပ်ကြဲလို့ အမျိုးသား လေးဦးဒဏ်ရာရ

Author လဂွန်းအိမ်
Categories
Published on Nov 14, 2024

တအာင်းတပ်မတော် TNLA ထိန်းချုပ်ထားရာ နောင်ချိုမြို့ကို စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးနဲ့ ထပ်မံကြဲချလို့ အမျိုးသားလေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ PSLF/TNLA ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ ညနေမှာ စစ်ကောင်စီက နောင်ချိုမြို့ရဲ့ တရားရုံးနဲ့ ရဲစခန်းအနောက်ကို ပေါင် ၃၀၀ ဗုံး နှစ်လုံးကြဲချခဲ့လို့ တရားရုံးအပါအဝင် လူနေအိမ် သုံးလုံးနဲ့ အိမ်စီးကားတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကလည်း နောင်ချိုမြို့ မဈေး ရပ်ကွက်က လန်းဆန်းလက်ဖက်ရည်ဆိုင်ကို စစ်ကောင်စီဗုံးကြဲခဲ့တာကြောင့် လူ ၁၁ ဦး သေဆုံးကာ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ်ဆိုင်ခန်း ၂၇ လုံး ပျက်စီးခဲ့တဲ့အပြင် အိမ်စီးကားနဲ့ ခရီးသည်တင်ယာဉ် ခုနှစ်စီး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – TNLA

ပုံစာ – နောင်ချိုမြို့အတွင်း ဗုံးကြဲခံရပြီးမြင်တွေ့ရစဉ်

 

Related News

Depend on news