“ဒီကနေ့ နိုဝင်ဘာလ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့အတွက် မိုးလေဝသခန့်မှန်းချက်”ရှမ်းနဲ့ တနင်္သာရီတို့မှာ နေရာကွက် မိုးရွာနိုင်
“မိုးရွာနိုင်တဲ့ ဒေသများ”
စစ်ကောင်စီမိုးဇလရဲ့ ခန့်မှန်းချက်အရ ဒီကနေ့ညနေပိုင်းအထိ ရှမ်းပြည်တောင်ပိုင်းမှာ နေရာကျဲကျဲ၊ တနင်္သာရီတိုင်းနဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ နေရာကွက်ကျား မိုးအနည်းငယ်ရွာမယ်လို့ ခန့်မှန်းထားပြီး မိုးရွာဖို့ ၈၀ ရာခိုင်နှုန်းရှိတယ်လို့ ဆိုထားပါတယ်။
ကျန်တိုင်းနဲ့ ပြည်နယ်တွေမှာတော့ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
ထူးခြားဖြစ်စဉ်အနေနဲ့ တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်း တိုရဂျီ (TORAJI)ဟာ အနောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ဒီကနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
“ညအပူချိန်”
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နဲ့ ရှမ်းပြည်၊ ကလောမြို့တို့မှာ ညအပူချိန် ၁၀ ဒီဂရီဆဲလ်ဆီးယက်နဲ့ ရန်ကုန်တိုင်း၊ သီလဝါ၊ ပဲခူးတိုင်း၊ သက္ကလတို့ရဲ့ ညအပူချိန်တွေကို ကလောမြို့က အပူချိန်နဲ့ နှိုင်းယှဉ်ခဲ့ရာမှာ ၁၀ ဒီဂရီဆဲလ်ဆီးယက်လောက် ကွာလာတာတွေ့ရတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က အသိပေးထားပါတယ်။
ဒါ့အပြင် ချင်းပြည်မှာ ညအပူချိန်တွေကျဆင်းလာမယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားသလို နိုင်ငံတဝန်းမှာလည်း ညအပူချိန်တွေ တဖြေးဖြေးကျဆင်းလာတော့မှာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်း၊ အိန္ဒိယနိုင်ငံ၊ တမီးနာဒူးလ်မြောက်ပိုင်းကမ်းလွန်နဲ့ အင်ဒရာပရာဒေ့ရှ်တောင်ပိုင်း ကမ်းခြေတို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ ဆက်လက်တည်ရှိနေမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းတို့မှာ တိမ်အနည်းငယ် ဖြစ်ထွန်းနေပြီး ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီမနက်ထုတ်ပြန်ချက်အရ သိရပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မြန်မာ့ပင်လယ်ပြင်မှာတော့ လှိုင်းအနည်းငယ်ကနေ လှိုင်းအသင့်အတင့်ရှိမယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ သုံးပေကနေ ခြောက်ပေခန့်ရှိနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
“နောက်နှစ်ရက်အတွက်ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်၊ ရှမ်းပြည်နဲ့ ချင်းပြည်တို့မှာ ညအပူချိန် အနည်းငယ် လျော့နည်းနိုင်တယ်လို့ စစ်ကောင်စီမိုးဇလက ခန့်မှန်းထားပါတယ်။
Source – မိုးဇ