အစွန်းရောက် လာနီညာရာသီဥတုဖြစ်ပေါ်နေ “ဒီကနေ့ ဇန်နဝါရီ ၁၃ ရက်၊ တနင်္လာနေ့အတွက် မိုးလေဝသခန့်မှန်းချက်”
“နေ့/ညအပူချိန်”
မြန်မာနိုင်ငံမှာ မပြင်းထန်ပေမဲ့ အစွန်းရောက်ရာသီဥတု လာနီညာဖြစ်ပေါ်နေတယ်လို့ မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ပြောပါတယ်။
အားပျော့တဲ့လာနီညာဖြစ်စဉ်ဟာ ဖေဖော်ဝါရီလကနေ ဧပြီလအထိ ဆက်လက်ဖြစ်ပေါ်နိုင်ပြီး ပုံမှန်ရာသီဥတုအခြေအနေကိုတော့ မတ်လကနေ မေလအတွင်းပြန်လည်ဖြစ်ပေါ်လာနိုင်တယ်လို့ သူက ပြောပါတယ်။
“ထူးခြားညအပူချိန်များ”
ဒီကနေ့ရဲ့ အနိမ့်ဆုံးအပူချိန်တွေအဖြစ် ဟားခါးမြို့မှာ သုည ဒီဂရီစင်တီဂရိတ်၊ မြစ်ကြီးနားမြို့နဲ့ လာရှိုးမြို့တို့မှာ ၈ ဒီဂရီစင်တီဂရိတ်၊ လွိုင်ကော်မြို့နဲ့ တောင်ကြီးမြို့တို့မှာ ၁၀ ဒီဂရီစင်တီဂရိတ်၊ ကျိုင်းတုံမြို့နဲ့ ဟုမ္မလင်းမြို့တို့မှာ ၁၂ ဒီဂရီစင်တီဂရိတ်၊ ပဲခူးမြို့နဲ့ စစ်တွေမြို့တို့မှာ ၁၃ ဒီဂရီစင်တီဂရိတ်နဲ့ ထားဝယ်မြို့မှာ ၁၅ ဒီဂရီစင်တီဂရိတ်အထိ အနိမ့်ဆုံးအပူချိန်ဖြစ်ပေါ်နိုင်ပါတယ်။
“မြို့ကြီးများ ညအပူအချိန်”
ဒီကနေ့မှာတော့ နေပြည်တော်မှာ ၁၆ ကနေ ၃၁ ဒီဂရီစင်တီဂရိတ်အထိ၊ ရန်ကုန်မြို့မှာ ၁၈ ကနေ ၃၂ ဒီဂရီစင်တီဂရိတ်အထိနဲ့ မန္တလေးမြို့မှာ ၁၆ ကနေ ၃၀ ဒီဂရီစင်တီဂရိတ်အထိရှိနိုင်ပါတယ်။
ဒါ့အပြင် မကွေးမြို့နဲ့ မုံရွာမြို့တို့မှာ ၁၆ ဒီကရီစင်တီဂရိတ်၊ ပုသိမ်မြို့မှာ ၁၈ ဒီဂရီစင်တီဂရိတ်၊ ဘားအံမြို့နဲ့ မော်လမြိုင်မြို့တို့မှာ ၁၉ ဒီဂရီစင်တီဂရိတ်အထိ ညအပူချိန်တွေ ကျဆင်းနိုင်ပါတယ်။
“ဒီကနေ့ညနေအထိ အခြေအနေ”
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပြီး မိုးရွာဖို့ ၆၀ ရာခိုင်နှုန်းရှိပါတယ်။
နေပြည်တော်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ စစ်ကိုင်းတိုင်းအောက်ပိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နဲ့ ရှမ်းပြည်အရှေ့ပိုင်းတို့မှာ အများအားဖြင့် သာယာပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပါတယ်။
“ဘင်္ဂလားပင်လယ်အော်နဲ့ ကပ္ပလီပင်လယ်ပြင်အခြေအနေ”
ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာ တိမ်အသင့်အတင့်ကနေ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာ တိမ်အနည်းငယ်ဖြစ်ထွန်းနေပါတယ်။
“ပင်လယ်ပြင်လှိုင်းအမြင့်”
မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ တစ်ခါတစ်ရံ မိုင် ၃၀ ကနေ ၃၅ မိုင်အထိရှိတဲ့ လေပြင်းတွေတိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်ကနေ လှိုင်းကြီးနိုင်ပါတယ်။
“နောက်နှစ်ရက်အတွက် ခန့်မှန်းချက်”
စစ်ကိုင်းတိုင်းအထက်ပိုင်းနဲ့ ကချင်ပြည်တို့မှာ နေရာကွက်ကျား မိုးအနည်းငယ် ရွာနိုင်ပါတယ်။
Source – စစ်ကောင်စီမိုးဇလ