“ဒီတစ်ပတ် ရွှေဈေး အတက်အကျ”( မေ ၅ ရက် မှ ၁၁ ရက်အထိ)

Author လင်းနွေဦး
Categories
Published on May 11, 2024

“ကမ္ဘာ့ရွှေဆက်ကျပြီး မြန်မာ့ရွှေပြန်တက်”

 

အရင် အပတ်က ဈေးတွေကျခဲ့တဲ့ မြန်မာ့ရွှေစျေးဟာ ဒီတစ်ပတ်မှာတော့ အပြောင်းအလဲတွေရှိနေခဲ့ပြီး ကမ္ဘာ့ရွှေစျေး ဆက်တိုက်ကျနေပေမယ့် မြန်မာ့ရွှေစျေးကတော့ ပြန်တက်ခဲ့ပါတယ်။

 

မြန်မာ့ရွှေ အမျိုးအစားတွေဖြစ်တဲ့ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၄၄ သိန်း ၅ သောင်းကျပ်ကနေ ၁ သိန်း ၂ သောင်း ၅ ထောင် အထိ တက်ခဲ့သလို ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သားကို ၄၇ သိန်း ၄ သောင်း ကနေ ၁ သိန်း ၂ သောင်းထိ တက်ခဲ့ပါတယ်။

 

စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်ရွှေလုပ်ငန်းရှင်ကြီးများအသင်း (YEGA) ရဲ့ လူမှုကွန်ရက် မှာတော့ အကယ်ဒမီ မီးလင်းရွှေ (၁၆ ပဲရည်) အခေါက်ရွှေ တစ်ကျပ်သား ကို ၃၉ သိန်း ၉ သောင်း ၉ ထောင့်၂ ရာ လို့ ဖော်ပြထားပါတယ်။

 

မြေပြင်ဈေးကွက် ရဲ့  မေလ ဒုတိယပတ် ရွှေဈေးကွက် အပိတ်ဈေးနှုန်းတွေကတော့ ၁၆ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၈ သိန်း ၆ သောင်း ကျပ် ၊ ၁၅ ပဲရည် အခေါက်ရွှေ တစ်ကျပ်သား ၄၅ သိန်း ၇ သောင်း ၅ ထောင် ကျပ် နဲ့ ကမ္ဘာ့ရွှေ တစ်အောင်စ ကတော့ အမေရိကန် ၂၃၆၀ ဒဿမ ၄ ဒေါ်လာ ဈေးရှိခဲ့ပါတယ်။