ဝေဖန်ခံနေရတဲ့ ရေကျော်ပွဲဈေး

Author CJ Platform
Categories
Published on Feb 12, 2026

ပြည်သူတွေ ပုံမှန်လူနေမှုဘဝကို ရရှိနေကြပြီလို့ ဝါဒဖြန့်ချိလိုတဲ့ စစ်အုပ်စုဟာ ရန်ကုန်မြို့ရဲ့ အမည်ကျော် ပုဇွန်တောင်မြို့နယ်က ရေကျော်ပွဲဈေးကို အကြိမ်ကြိမ်အခါအခါ ကျင်းပနေပါတယ်။

လက်ရှိကျင်းပနေတဲ့ ရေကျော်ပွဲဈေးကတော့ “၇၉ ကြိမ်မြောက် ပြည်ထောင်စုနေ့ ရေကျော်ဈေးရောင်းပွဲတော်နဲ့ ပျော်ပွဲရွှင်ပွဲ” လို့ နာမည်တပ်ကာ ကျင်းပနေပြီး ဖေဖော်ဝါရီ ၁၁ ရက်ကနေ ၁၇ ရက်အထိ ပြုလုပ်မယ်လို့ သိရပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းလမ်းမနဲ့ သိမ်ဖြူလမ်းထောင့်ကနေ စတင်ကာ ရေကျော်လမ်း၊ အထက်ပုဇွန်တောင်လမ်းတွေကို မော်တော်ယာဉ်တွေ ဖြတ်သန်းမသွားလာဖို့ တားမြစ်ထားပြီး ပွဲဈေးကျင်းပနေတာပဲ ဖြစ်ပါတယ်။

ကားလမ်းတွေ ပိတ်ထားတာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ၊ YBS ယာဉ်တွေရဲ့ လမ်းကြောင်းပြောင်း မောင်းနှင်မှုတွေကြောင့် လိုရာခရီးမရောက်ဘဲ စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ယာဉ်မောင်းတစ်ဦးကလည်း ဆိုပါတယ်။

ရေကျော်ပွဲဈေးဟာ အရင်ကတည်းက နာမည်ကြီးပွဲဈေးတစ်ခု ဖြစ်တဲ့အတွက် ပွဲစတင်တဲ့နေ့ကစပြီး လာရောက်သူတွေ များပြားခဲ့တာလည်း တွေ့ရပါတယ်။

ပွဲဈေးအနီးမှာ နေထိုင်သူ ပြည်သူတွေကတော့ လမ်းပိတ်ဆို့ပြီး အကြိမ်ကြိမ်အခါအခါ ကျင်းပနေတဲ့ ပွဲဈေးကို စိတ်ပျက်နေကြရပါတယ်။

 

 

 

Related News

Depend on news