မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအတွက် အကူညီတွေ တောင်းဆိုဖို့ ကိုထိန်လင်း အမေရိကန်ကို သွားရောက်

Author CJ Platform
Categories
Published on Mar 12, 2025

စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အသက် (၈၀)ပြည့် မွေးနေ့ ကမ်ပိန်းကို အားဖြည့်ကူညီဖို့အတွက် သားငယ်ဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ မတ်လ ၁၂ရက်နေ့မှာ အမေရိကန်နိုင်ငံကို သွားရောက်ခဲ့တယ်လို့ ကိုထိန်လင်းရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

သူ့ရဲ့ အမေရိက ခရီးစဉ်အတွင်း အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ မြန်မာနွယ်ဖွားတွေနဲ့ တွေ့ဆုံပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့တကွ စစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွတ်မြောက်ဖို့၊ စစ်ဘေးဒဏ်ကြုံတွေ့နေရတဲ့ ပြည်သူတွေအတွက် အမြန်ဆုံး အကူညီတွေရရှိဖို့ လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

 

“ကျွန်တော့်ရဲ့ မေမေ့ကို အမြန်ဆုံးလွတ်မြောက်စေချင်တဲ့ မီးတောက်လိုပြင်းပြတဲ့ ဆန္ဒကြောင့် အမေရိကားခရီးစဉ်ကို စတင်ခဲ့ပါတယ်”လို့ ကိုထိန်လင်းက သူ့ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားထားပါတယ်။

 

အမေရိကန်နိုင်ငံကို ရောက်ရှိလာတဲ့ ကိုထိန်လင်းကို အမေရိကရောက် မြန်မာနွယ်ဖွားတွေက ကြိုဆိုခဲ့ကြတယ်လို့ သိရပါတယ်။

 

ဓာတ်ပုံ – ကိုထိန်လင်းFacebook

Related News

Depend on news