“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (ဇန်နဝါရီ ၆ ရက်ကနေ ၁၁ ရက်နေ့အထိ)
“တစ်ကျပ်သား ၆၅ သိန်းနီးပါးအထိ ဆက်လက်မြင့်တက်လာတဲ့ ရွှေဈေး”
စစ်ကောင်စီထိန်းချုပ်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးတွေ ဒီတစ်ပတ်ထဲ ဆက်လက်မြင့်တက်လာသလို တက်ဟန်ပြင်နေတဲ့ ပြင်ပရွှေဈေးနှုန်းတွေလည်း လိုက်ပါမြင့်တက်လာပါတယ်။
ပြီးခဲ့တဲ့အပတ်အတွင်း YGEA ဈေးနှုန်းက အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သားကို ငါးသောင်းကျပ်မြင့်တက်ခဲ့သလို ဒီတစ်ပတ်မှာလည်း တစ်ကျပ်သားကို ခုနစ်သောင်းအထိ မြင့်တက်လာတာတွေ့ရပါတယ်။
အဲဒီလိုပဲ ပြင်ပရွှေဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်တုန်းက ၁၆ ပဲရည်တစ်ကျပ်သားကို တစ်သိန်းကျော်မြင့်တက်ခဲ့သလို ဒီတစ်ပတ်မှာလည်း ကျပ်နှစ်သိန်းကျော်မြင့်တက်လာပါတယ်။
ပြင်ပရွှေဈေးနှုန်းတွေဟာ ဒီတစ်ပတ် အင်္ဂါနေ့ကစတင်မြင့်တက်လာခဲ့ပြီး နောက်ရက်တွေမှာလည်း ဆက်တိုက်မြင့်တက်ခဲ့တာ တွေ့ရပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်းတွေလည်း ဒီတစ်ပတ်တည်း နေ့စဉ်မြင့်တက်လာခဲ့ပြီး တစ်ပတ်အတွင်း ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန် ၄၅ ဒေါ်လာအထိမြင့်တက်ခဲ့ပါတယ်။
စနေနေ့ ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ကျပ် ခြောက်သိန်းခြောက်သောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၄ သိန်း လေးသောင်းကျပ်၊ YGEA ရည်ညွှန်းဈေးကတော့ ၁၆ ပဲရည်တစ်ကျပ်သား ၅၄ သိန်းကျပ်ဈေးဖြစ်ပါတယ်။
Source – Myanmar Market Price