“ဒီတစ်ပတ် ကျပ်ငွေအပြောင်းအလဲ” (နိုဝင်ဘာလ ၄ မှ ၉ ရက်နေ့အထိ)
“ဗဟိုဘဏ်နိုင်ငံခြားငွေတွေ ထုတ်ရောင်းလို့ ကျပ်ငွေဈေး ဆက်မာ”
ရုံးပိတ်ရက်တွေကလွဲပြီး စစ်ကောင်စီ ဗဟိုဘဏ်ဟာ ဆက်တိုက်ဆိုသလို နိုင်ငံခြားငွေတွေ သူတို့ရဲ့ အွန်လိုင်းငွေဈေးကွက် FX ကနေ ရောင်းချပေးနေဆဲဖြစ်ပါတယ်။
ဒီတစ်ပတ်အတွင်းမှာလည်း နိုဝင်ဘာ ၄ ရက်၊ တနင်္လာနေ့မှာ အမေရိကန်ဒေါ်လာ ၁၅ သန်းကို တစ်ဒေါ်လာ ၃၅၇၅ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့ပါတယ်။ တရုတ်ယွမ် ၁ ဒသမ ၅ သန်းကို တစ်ယွမ် ၅၃၀ ကျပ်နီးပါးနဲ့ ရောင်းပေးခဲ့သလို ထိုင်းဘတ်သန်း ၁၀၀ ကျော်ကို တစ်ဘတ် ၁၂၅ ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။
နိုဝင်ဘာ ၅ ရက်၊ အင်္ဂါနေ့မှာ သွင်းကုန်လုပ်ငန်းရှင်တွေကို တရုတ်ယွမ် ခုနစ်သန်းနဲ့ ထိုင်းဘတ် သန်း ၂၀ ရောင်းချပေးမယ်လို့ ကြေညာပါတယ်။
နိုဝင်ဘာ ၆ ရက်၊ ဗုဒ္ဓဟူးနေ့မှာ အမေရိကန်ဒေါ်လာ ၉၀၀၀ နီးပါးကို တစ်ဒေါ်လာ ၃၅၇၅ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့ပါတယ်။ တရုတ်ယွမ် ၄၉၀,၀၀၀ နီးပါးကို တစ်ယွမ် ၅၃၀ ကျပ်နီးပါးနဲ့ ရောင်းပေးခဲ့သလို ထိုင်းဘတ်သန်း ၁ ဒသမ ၂၂ သန်းကျော်ကို တစ်ဘတ် ၁၂၅ ကျပ်နှုန်းနဲ့ ရောင်းချပေးခဲ့ပါတယ်။
နိုဝင်ဘာ ၇ ရက်၊ ကြာသပတေးနေ့မှာ အမေရိကန်ဒေါ်လာ ၃၃၀၀ ကျော်ကို တစ်ဒေါ်လာ ၃၅၇၈ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့ပါတယ်။ တရုတ်ယွမ် နှစ်သန်းကျော်ကို တစ်ယွမ် ၅၃၀ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့သလို ထိုင်းဘတ်သန်း ၂၁ ဒသမ ၆၄ သန်းကို တစ်ဘတ် ၁၂၆ ကျပ်နှုန်းကျော်နဲ့ ရောင်းချပေးခဲ့ပါတယ်။
နိုဝင်ဘာ ၈ ရက်၊ သောကြာနေ့မှာ အမေရိကန်ဒေါ်လာ ၃၀၀၀ ကျော်ကို တစ်ဒေါ်လာ ၃၅၈၀ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့သလို တရုတ်ယွမ် ၂ ဒသမ ၁၇ သန်းကျော်ကို တစ်ယွမ် ၅၃၀ ကျပ်နှုန်းနဲ့ ရောင်းပေးခဲ့တယ်လို့ စစ်ကောင်စီဗဟိုဘဏ်ရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။
ဒီလိုရောင်းချပေးနေပေမဲ့ နိုင်ငံခြားငွေဈေးတွေဟာ ထင်သလောက်မကျဘဲ အမြင့်ဈေးမှာတင် ရပ်တန့်နေဆဲဖြစ်သလို မြင့်တက်ဖို့ အလစ်ချောင်းနေဆဲဖြစ်ပါတယ်။
အခုပတ်အတွင်း အမေရိကန်တစ်ဒေါ်လာကို ၁၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာကို ၃၅ ကျပ်၊ ထိုင်းတစ်ဘတ်ကို တစ်ကျပ်ခန့်၊ တရုတ်တစ်ယွမ်ကို ငါးကျပ်ကျခဲ့ပေမဲ့ မလေးရှားရင်းဂစ်နဲ့ ဂျပန်ယမ်းငွေဈေးတွေ အပြောင်းအလဲမရှိခဲ့ပါဘူး။
စနေနေ့ နိုင်ငံခြားငွေအပိတ်ဈေးအဖြစ် အမေရိကန်တစ်ဒေါ်လာ ၄၅၃၀ ကျပ်၊ စင်ကာပူတစ်ဒေါ်လာ ၃၄၁၀ ကျပ်၊ ထိုင်းတစ်ဘတ် ၁၃၂ ကျပ်ကျော်၊ တရုတ်တစ်ယွမ်ကို ၆၃၀ ကျပ်၊ မလေးရှားတစ်ရင်းဂစ် ၁၀၃၅ ကျပ်နဲ့ ဂျပန်တစ်ယမ်း ၂၉ ကျပ်ကျော်ဈေးဖြစ်တယ်လို့ သိရပါတယ်။
Source – Myanmar Market Price