“ဒီတစ်ပတ် ရွှေစျေး အတက်အကျ” (နိုဝင်ဘာ ၂၅ ရက်ကနေ ၃၀ ရက်နေ့အထိ)

Author အကြင်နာ
Categories
Published on Dec 01, 2024

“ဈေးအနည်းငယ် ပြန်ကျတဲ့ ရွှေ”

 

ကျလိုက်တက်လိုက်နဲ့ ဈေးမငြိမ်တဲ့ ပြည်တွင်းရွှေဈေးနှုန်းတွေဟာ ဒီတစ်ပတ်ထဲမှာတော့ အရင်ပတ်ထက် ဈေးနှုန်းအနည်းငယ်ကျဆင်းသွားတာတွေ့ရပါတယ်။

 

ဒီတစ်ပတ် အဖွင့်နေ့ဖြစ်တဲ့ နိုဝင်ဘာ ၂၅ ရက် တနင်္လာနေ့မှာတင် အကယ်ဒမီမီးလင်းရွှေ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၃ သိန်းနဲ့ ဖွင့်ခဲ့ပြီး တစ်ကျပ်သား ငါးသောင်းအကျဈေးနဲ့ပိတ်ခဲ့ပါတယ်။

 

ဒီတစ်ပတ်ထဲ ရွှေဈေးအနိမ့်ဆုံးဖြစ်ခဲ့တာ အင်္ဂါနဲ့ စနေနေ့တွေမှာ ၁၆ ပဲရည် တစ်ကျပ်သား ကျပ် ၆၁ သိန်းစွန်းစွန်းနဲ့ဖြစ်ပါတယ်။ အဲဒီနောက် ဗုဒ္ဓဟူး၊ ကြာသပတေးနဲ့ သောကြာနေ့တွေမှာ ဈေးနှုန်းအတက်အကျအနည်းငယ်ဖြစ်ပေါ်ပြီးနောက် စနေနေ့မှာတော့ ၁၆ ပဲရည်တစ်ကျပ်သား ကျပ် ၆၁ သိန်း နှစ်သောင်းနဲ့ ပိတ်သွားခဲ့ပါတယ်။

 

အရင်ပတ်ကဈေးနဲ့နှိုင်းယှဉ်ပါက ၁၆ ပဲရည်တစ်ကျပ်သားကို နှစ်သိန်းကျော် ကျဆင်းသွားတာဖြစ်ပါတယ်။

 

စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း(YGEA)ရဲ့ ရည်ညွှန်းဈေးနှုန်းတွေကတော့ တနင်္လာနေ့မှာ အကယ်ဒမီမီးလင်းရွှေ တစ်ကျပ်သား ၅၄ သိန်း ခုနစ်သောင်းကျော်နဲ့ ဈေးဖွင့်ခဲ့ပြီး စနေနေ့မှာ တစ်ကျပ်သား ၅၃ သိန်း ခုနစ်သောင်းကျော်နဲ့ ပိတ်ခဲ့တာကြောင့် တစ်သိန်းလောက်ဈေးချသွားတာတွေ့ရပါတယ်။

 

ကမ္ဘာ့ရွှေဈေးကွက်အတွင်း ပြီးခဲ့တဲ့အပတ်ထဲ ဈေးနှုန်းတွေ မြင့်တက်ခဲ့ပေမဲ့ ဒီတစ်ပတ်ထဲတော့ ပြန်လည်ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကနဲ့နှိုင်းယှဉ်ပါက ကမ္ဘာ့ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာအထိ ဒီတစ်ပတ်ထဲကျဆင်းသွားပါတယ်။

 

ဒီတစ်ပတ် စနေနေ့ အပိတ်ရွှေဈေးနှုန်းတွေကတော့ အကယ်ဒမီမီးလင်းရွှေ ၁၅ ပဲရည်တစ်ကျပ်သား ၅၇ သိန်း ခြောက်သောင်း၊ ၁၆ ပဲရည်တစ်ကျပ်သား ၆၁ သိန်း နှစ်သောင်းနဲ့ YGEA ရဲ့ဈေးနှုန်းကတော့ ၁၆ ပဲရည်တစ်ကျပ်သားကို ၅၃ သိန်းခုနစ်သောင်းကျပ်ဈေးတို့ဖြစ်ပြီး ကမ္ဘာ့ရွှေတစ်အောင်စ အမေရိကန်ဒေါ်လာ ၂၆၅၀ ဈေးဖြစ်ပါတယ်။

 

Source – Myanmar Market Price