ဩဂုတ်လ ၂၂ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်နဲ့ အရေးကြီးမြစ်ရေသတိပေးချက်

ဩဂုတ်လ ၂၂ ရက်၊ သောကြာနေ့အတွက် မိုးလေဝသခန့်မှန်းချက်နဲ့ အရေးကြီးမြစ်ရေသတိပေးချက်
ဩဂုတ်လကုန်ပိုင်းအတွက် မိုးလေဝသအခြေအနေ ခန့်မှန်းချက်တွေနဲ့အတူ မြစ်ရေကြီးမှု အထူးသတိပေးချက်တွေ ပါဝင်ပါတယ်။တောင်တရုတ်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းရဲ့ အရှိန်ကြောင့် လာမယ့် ဩဂုတ်လ ၂၇ ရက်နေ့နောက်ပိုင်းကနေ လကုန်အထိ မြန်မာနိုင်ငံရဲ့ အရှေ့ပိုင်းဒေသတွေမှာ မိုးပိုလာနိုင်ကြောင်း မိုးလေဝသပညာရှင် ဦးဝင်းနိုင်က ခန့်မှန်းထားပါတယ်။