အမေရိကန်မရှိရင် ကမ္ဘာကြီးပြိုလဲမယ်လို့ ထရမ့်ဆို

အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်ပြည်ထောင်စုမရှိပါက ကမ္ဘာ့စီးပွားရေးစနစ်တစ်ခုလုံး ပြိုလဲသွားမှာဖြစ်တယ်လို့ မနေ့ ဇူလိုင် ၂၅ ရက်နေ့မှာ ဝါရှင်တန်က ဗဟိုဘဏ်ကို သွားရောက်ခဲ့စဉ် သတင်းထောက်တွေကို ပြောကြားခဲ့တယ်လို့ နိုင်ငံတကာသတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ထရမ့်က အမေရိကန်ဗဟိုဘဏ် အတိုးနှုန်းတွေကို လက်ရှိ ၃ ရာခိုင်နှုန်းကနေ ၁ ရာခိုင်နှုန်းအထိ လျှော့သွားအောင် လုပ်ဖို့ ပြောကြားခဲ့ပါသေးတယ်။
အဲလိုလုပ်ရာမှာ အသုံးစရိတ်တွေ ပြောင်းလဲတာမျိုး လုပ်ဖို့ မလိုပဲ စာရွက်ပေါ်မှာ လုပ်လိုက်ရင်ကို ပြောင်းလဲနိုင်တယ်လို့ ထပ်လောင်း ပြောကြားခဲ့ပါသေးတယ်။
ထရမ့်က “ဆွစ်ဇာလန်လို အကြွေးမရှိတဲ့ နိုင်ငံတွေအကြောင်း ပြောလို့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့မရှိရင် အရာအားလုံး ပြိုလဲသွားမယ်” လို့ ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်က ဗဟိုဘဏ်အဆောက်အအုံ တည်ဆောက်ရေး အသုံးစရိတ်တွေ ဘတ်ဂျက်ကျော်လွန်နေတာကို ဝေဖန်ခဲ့ပေမယ့် လက်ရှိ ဗဟိုဘဏ်ဥက္ကဋ္ဌ ဂျရုမ်းပါဝဲလ်ကိုတော့ ဒီကိစ္စကလောက်နဲ့ ရာထူးကနေ ထုတ်ဖို့ထိ မလိုဘူးလို့ ကာကွယ် ပြောဆိုပေးခဲ့ပါသေးတယ်။
Source – Fox News
ဓာတ်ပုံ – Reuters