အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်သာ ကုန်ကျသည့် မောင်းသူမဲ့လေယာဉ်များအား People’s Voice အဖွဲ့ အောင်မြင်စွာ ထုတ်လုပ်

Author လင်းခိုင်
Categories
Published on Jan 30, 2023

 

အမေရိကန်ဒေါ်လာ ၂၀၀၀ ခန့်သာကုန်သည့် မောင်းသူမဲ့လေယာဉ်များအား People’s Voice အဖွဲ့က အောင်မြင်စွာ ထုတ်လုပ်နိုင်ပြီ ဖြစ်ကြောင်း ယင်းအဖွဲ့က ဇန်နဝါရီ ၂၉ ရက်တွင် အသိပေးထားသည်။

ကိုယ်ပိုင် တိုက်လေယာဉ်ငယ် (မောင်းသူမဲ့လေယာဉ်) များအား တစ်စင်းစာ ကုန်ကျစရိတ် အနည်းဆုံးဖြစ်အောင် ပြုလုပ်ထားပြီး အမေရိကန်ဒေါ်လာ ၂၀၀၀ သာကျသင့်ကြောင်း၊ ကျယ်ပြန့်လာသည့် စစ်ရေးအနေအထားအရ လက်ရှိသုံးနေသည့် အစင်းအရေအတွက်နှင့် မလုံလောက်တော့သည့် အတွက် နောက်ထပ် ၅ စင်း ထပ်မံထုတ်လုပ်ရန် စီစဉ်နေကြောင်း သိရသည်။

“ဒီနေ့ CRPH-OFP တာ၀န်ရှိသူများနဲ့ တွေ့ဆုံမှုကနေပြီး Fundraiser အဖွဲ့တဖွဲ့မှ တစင်း၊ USA ရောက်အဖွဲ့တဖွဲ့မှ တစင်း နဲ့ PV Member ရွာသားများက တစင်း၊ စုစုပေါင်း ၃ စင်းစာရရှိခဲ့ပါတယ်” ဟု People’s Voice အဖွဲ့ကရှင်းအေးဘုံမှ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

နောက်ထက်လို အပ်နေသည့် ၂ စင်း အပါအ၀င် အခြားလိုအပ်သည့် ဆက်စပ်ပစ္စည်းများအတွက် ထောက်ပို့ငွေ ကျပ် ၁၀၀၀ ကမ်ပိန်းပြုလုပ်ကာ ကောက်ခံသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

ကိုယ်ပိုင် တိုက်လေယာဉ်ငယ်များဖြင့် စစ်ဆင်ရေးများ ဆောင်ရွက်ပါက ထုတ်ပြန်လို့ရသည့် စစ်ဆင်ရေးများကို ပေးထားသည့် လေယာဉ်ငယ်များ၏ အမည်ဖြင့် ထုတ်ပြန်မှာ ဖြစ်ပြီး ထောက်ပို့ငွေများကို ရှင်းရှင်းလင်းလင်း သိရမည် ဖြစ်ကြောင်းလည်း မအေးဘုံက ဆိုသည်။

ထုတ်လုပ်ထားသည့် ကိုယ်ပိုင်တိုက်လေယာဉ်ငယ်(မောင်းသူမဲ့လေယာဉ်) များကိုလည်း လက်ရှိစစ်ဆင်ရေး ၄၀ ခန့်တွင် ပါ၀င်ဆောင်ရွက်ထားပြီးဖြစ်ကြောင်းလည်းသိရသည်။

ဇန်နဝါရီ ၂၀ ရက်မှ ၂၆ ရက်ထိ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးရှိ ကော့ကျိုက်၊ အံဂလုံနှင့် ကမ်းနီစံပြ ကျေးရွာတွင် ဖြစ်ပွားခဲ့သည့် စစ်ကောင်စီ တပ်သား ၉၀ ခန့်သေဆုံးခဲ့သည့် တိုက်ပွဲများတွင်လည်း People’s Voice အဖွဲ့၏ ကိုယ်ပိုင်တိုက်လေယာဉ်ငယ်(မောင်းသူမဲ့လေယာဉ်)များဖြင့် စစ်ဆင်ရေးများဆောင်ရွက်ခဲ့ကြောင်းလည်းသိရသည်။

ဓာတ်ပုံ-People’s Voice
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မောင်သူမဲ့လေယာဉ်