အနာဂတ်မျိုးဆက်အတွက် ရာသီဥတုဆိုင်ရာ တရားမျှတမှု ဆွေးနွေးပွဲ တိုက်ရိုက်ထုတ်လွှင့်မည်
World Environment Day 2026 ကို ဂုဏ်ပြုသောအားဖြင့် CJ Platform နှင့် Insight Research Corner တို့ ပူးပေါင်းပြီး “ပူနွေးလာသော ကမ္ဘာကြီးမှ မျှတသော အနာဂတ်ဆီသို့” သယ်ဆောင်နိုင်ရန် “အနာဂတ်မျိုးဆက်အတွက် ရာသီဥတုဆိုင်ရာ တရားမျှတမှု” ဆွေးနွေးပွဲကို CJ Platform အပါအဝင် မိတ်ဖက်အဖွဲ့အစည်းများမှ တိုက်ရိုက် ထုတ်လွှင့်သွားမည် ဖြစ်ပါသည်။
ဆွေးနွေးပွဲအတွင်း လူကြီးမင်းတို့ သိလိုသည်များ၊ ဆွေးနွေးလိုသည်များကို တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်၏ Comment တွင် ဝင်ရောက် ဆွေးနွေးမေးမြန်းနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါသည်။
ဦးဆောင်ဆွေးနွေးသူ ဒေါက်တာလွင်လွင်ဝေသည် Insight Research Corner ၏ Managing Director တစ်ဦးဖြစ်ပြီး ပြည်တွင်း/ပြည်ပ သုတေသနအဖွဲ့အစည်းများ၊ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ အရပ်ဖက် အဖွဲ့အစည်းများနှင့်အတူ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေသူ တစ်ဦး ဖြစ်သည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စီမံအုပ်ချုပ်မှု (environmental governance) နှင့် လူမှုတရားမျှတမှု (social justice) အစရှိသည့် ပညာရပ်နယ်ပယ်တွင်လည်း သုတေသန လုပ်ငန်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။ ၁၉၉၉ ခုနှစ်တွင် မဟာသိပ္ပံဘွဲ့ကို ရရှိခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် Nuclear Technology ပညာရပ်ဖြင့် ရန်ကုန်နည်းပညာတက္ကသိုလ်မှ Ph.D ဘွဲ့ကို ရရှိခဲ့သည်။ သဘာဝပတ်ဝန်းကျင် ပညာရပ်နှင့် ပတ်သက်၍ ထိုင်ဝမ်နိုင်ငံရှိ National Tsing Hua University မှ “သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုနှင့် အစိမ်းရောင်နည်းပညာ” ခေါင်းစဉ်ဖြင့် ဒီပလိုမာဘွဲ့ကို ရရှိခဲ့သည်။ ၎င်းအပြင် အမေရိကန်နိုင်ငံရှိ The George Washington University မှ ရာသီဥတု ပြောင်းလဲခြင်း ပညာရပ်အား လေ့လာသင်ယူခဲ့သူ ဖြစ်ပြီး ကနေဒါနိုင်ငံရှိ The St. Francis Xavier University နှင့် Coady International Institute မှ ရွေးချယ်သော Global Change Leader award ကို ရရှိခဲ့သူ ဖြစ်သည်။
ထုတ်လွှင့်မည့်ရက်စွဲ >>> ၅.၆.၂၀၂၆
ထုတ်လွှင့်မည့်အချိန် >>> နံနက် ၉:၃၀ နာရီ (မြန်မာစံတော်ချိန်)
#WorldEnvironmentDay2026 #ClimateJustice #CJPlatform #InsightResearchCorner #သဘာဝပတ်ဝန်းကျင် #ရာသီဥတုပြောင်းလဲမှု
