အဆိုတော်ဂျေညီညီရဲ့ ဈာပနအခမ်းအနား ရေဝေးမှာပြုလုပ်

Author CJ Platform
Categories
Published on Apr 02, 2025

တေးရေးတေးဆို အဆိုတော်ဂျေညီညီရဲ့ ဈာပနအခမ်းအနားကို ဒီကနေ့  ဧပြီ ၂ ရက်နေ့ နေ့လယ်ပိုင်းက ရေဝေးသုသာန်မှာ ပြုလုပ်ခဲ့ပြီး နယ်ပယ်စုံမှ အနုပညာရှင်များနဲ့ သူ့ပရိတ်သတ်တွေ လာရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

မြန်မာ့ဂီတလောကမှာ တေးရေး၊တေးဆိုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်လာခဲ့သူ အဆိုတော် ဂျေညီညီဟာ မတ်လ ၃၁ရက်နေ့ မနက် ၄နာရီခွဲမှာ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် (၇၂) နှစ်ရှိပြီဖြစ်ပါတယ်။

အဆိုတော် ဂျေညီညီကို ဝါးခယ်မမြို့မှာမွေးဖွားခဲ့တာဖြစ်ပြီး အစ်ကိုဖြစ်သူ ဂျေမောင်မောင်၊ ညီမဖြစ်သူ ဂျေညီမလေးနဲ့ တူမဖြစ်သူ သီရိဂျေမောင်မောင် တို့ဟာ ဂီတလောကမှာ နာမည်ကြီး အဆိုတော်တွေဖြစ်ပါတယ်။

အဆိုတော် ဂျေညီညီရဲ့ ဈာပနအခမ်းအနားကို IC ဝိုင်းတော်သားများအပြင် တေးရေး တေးဆိုများ အနုပညာရှင်များနဲ့ ရုပ်ရှင်လောကသားတွေပါ လာရောက်ခဲ့ကြပါတယ်။

 

 

Related News

Depend on news