အင်အားကြီးမုန်တိုင်းရင်ရှင်း ဖိလစ်ပိုင်ကနေ တောင်တရုတ်ပင်လယ်ပြင်ကို ရောက်လာ
ဖိလစ်ပိုင်ပင်လယ်ပြင်မှာ ဖြစ်ပေါ်နေတဲ့ အင်အားကြီးတိုင်ဖွန်းမုန်တိုင်း ရင်ရှင်းဟာ ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းစွန်းဒေသတွေကို ဖြတ်ကျော်ပြီးနောက် တောင်တရုတ်ပင်လယ်ပြင်ကို ရောက်ရှိလာတယ်လို့ စစ်ကောင်စီမိုးဇလရဲ့ ဒီကနေ့မနက်ပိုင်း ခန့်မှန်းချက်အရ သိရပါတယ်။
အဲဒီကနေ အနောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်တယ်လို့ စစ်ကောင်စီ မိုးဇလက ခန့်မှန်းထားပါသေးတယ်။