သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အား ချမှတ်ထားသည့် ထောင်ဒဏ်များအနက် ပုဒ်မအချို့အား လွတ်ငြိမ်းခွင့်ပြုဟု စစ်ကောင်စီ ကြေငြာ

Author လင်းခိုင်
Categories
Published on Aug 01, 2023

စစ်ကောင်စီမှ မတရား ဖမ်းဆီးချုပ်နှောင်ထားသည့် သမ္မတ ဦးဝင်းမြင်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား ချမှတ်ထားသည့် ထောင်ဒဏ်များအနက် ပုဒ်မအချို့အား ယနေ့(ဩဂုတ် ၁ရက်) တွင် လွတ်ငြိမ်းခွင့်ပြုကြောင်း ကြေညာထားသည်။

စစ်ကောင်စီကြေညာချက်တွင် စစ်ကောင်စီသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်ဆိုင်ရာ တရားရုံးများက ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ရာဇဝတ်မှုကြီး အမှတ် ၃၅\၂၀၂၁ ၊ ရာဇဝတ်ကြီးအမှတ် ၃၇\၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၇၁\၂၀၂၁၊ ရာဇဝတ်မှုကြီးအမှတ် ၃၈\၂၀၂၁ ၊ ရာဇဝတ်မှုကြီးအမှတ် ၄၅\၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း ရေးသားထားသည်။

ထို့ပြင် သမ္မတ ဦးဝင်းမြင့်အပေါ် သက်ဆိုင်ရာ တရားရုံးများက ပြစ်မှုထင်ရှား စီရင်ချမှတ်ခဲ့သည့် ပြစ်ဒဏ်များအနက် ၃၅\၂၀၂၁ နှင့် ၃၆\၂၀၂၁ တို့ဖြင့် ပြစ်မှုထင်ရှားစီရင်ပြီး ပြစ်ဒဏ်ကျခံရန်ကျန်ရှိသည့် ပြစ်ဒဏ်များအား ရာဇဝတ်ကျင့်ထုံ းဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်သည်ဟု ကြေငြာထားသည်။