လှိုင်မြို့နယ်တွင် စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး အပစ်ခံရ

Author အောင်နိူင်သူ
Categories
Published on Sep 17, 2022

လှိုင်မြို့နယ် ၁၃ ရပ်ကွက် ရတနာလမ်းတွင် ယနေ့ နံနက်ပိုင်းက စစ်ကောင်စီခန့် ရာအိမ်မှူးတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးသွားသည်ဟု မြို့ခံတွေဆီက သိရသည်။

“လမ်းလျှောက်နေတဲ့အချိန် အနောက်ကနေ လာပစ်သွားတာ သေနတ်နဲ့ခြောက်ချက်ပစ်တာ ပွဲချင်းပြီး သေသွားတယ်” ဟု ရှင်းပြသည်။

သေဆုံးသူမှာ ရာအိမ်မှူးဦးစိုးအောင်ဖြစ်ပြီး ကျည်ထိမှန်ဒဏ်ရာခြောက်ချက်ဖြင့် သေဆုံးခဲ့တာဖြစ်သည်ဟု ရပ်ကွက်နေသူတစ်ဦးက ပြောသည်။

လက်ရှိအခြေအနေတွင် ရာအိမ်မှူးပစ်ခတ်ခံရသည့် လမ်းတွင် စစ်ကောင်စီမှ စစ်ဆေးမှုများ ပြုလုပ်နေသည်ဟု ရပ်ကွက်နေသူတွေဆီက သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့ ၇ ရက်နေ့နေ့လယ်ပိုင်းကလည်း အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ရာအိမ်မှူးဦးဟန်အေးဆိုသူ သေနတ်ဖြင့် ပစ်ခတ်ခံရပြီးသေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။

ရန်ကုန်တိုင်းရှိ မြို့နယ်အချို့မှာ စက်တင်ဘာ ၁ ရက်မှ ၁၇ ရက်အထိ ဗုံးပေါက်ကွဲမှုနှင့် ပစ်ခတ်မှု ၂၄ ကြိမ်ဖြစ်ခဲ့ပြီး ငါးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာ ရရှိခဲ့သည်။

Related News

Depend on news