လောင်းကစားဝိုင်းတွင် လုံခြုံရေးယူထားသည့် ပြည်သူ့စစ်အဖွဲ့ ပစ်ခတ်ခံရပြီး တစ်ဦးသေ နှစ်ဦးဒဏ်ရာရ

Author ကိုပေါက်
Categories
Published on Oct 16, 2022

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ယမန်နေ့ ညနေပိုင်းက လောင်းကစားဝိုင်းတွင် လုံခြုံရေးယူပေးနေသည့် ပြည်သူ့စစ်အဖွဲ့ သေနတ်ဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေ၍ နှစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု မြိုခံတွေဆီက သိရသည်။
မူဆယ်မြို့ ၁၀၅မိုင် ကုန်သွယ်ရေးဇုန်အနီးတွင် ယမန်နေ့ ညနေပိုင်းက လောင်းကစားဝိုင်း၌ လုံခြုံရေးယူပေးနေသည့် ပြည်သူ့စစ်အဖွဲ့ကို အမည်မသိ လက်နက်ကိုင်ဆောင်ထားသူတွေက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိခဲ့သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။
“ဆံပင်ညှပ်ဆိုင်နားက လောင်းကစားဝိုင်းကို လုံခြုံရေးယူပေးတာ မနေ့ ညနေက ဘယ်ကအဖွဲ့လဲမသိဘူး ကားနဲ့လာပစ်သွားတာ တစ်ဦးကတော့ ပွဲချင်းပြီးပဲ နှစ်ဦးဒဏ်ရာရတယ် ကျန်တဲ့သူတွေက ထွက်ပြေးလို့ ဘာမှမဖြစ်ဘူး”လို့ ပြောသည်။
ပစ်ခတ်မှု့ဖြစ်ပြီးနောက် သေဆုံးသူနှင့်ဒဏ်ရာရရှိသူတွေကို စစ်ကောင်စီတပ်မှ လူနာတင်ယာဥ်ဖြင့် တင်ဆောင်ကာ မူဆယ်မြို့နယ်ဆေးရုံကို ပို့ဆောင်ထားလိုက်သည်ဟု မြို့ခံတစ်ဦးက CJ Platform ကိုပြောသည်။
မူဆယ်မြို့တွင် ပြီးခဲ့သည့်လကလည်း အမည်မသိလက်နက်ကိုင်အဖွဲ့များ၏ ပစ်ခတ်မှု့ကြောင့် စစ်ကောင်စီနှင့် ပြည်သူ့စစ်များ သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိသည်။