လူမှုကူညီရေးကား အသုံးပြုကာ စစ်ကိုင်းမှ – မုံရွာသို့ ထွက်ခွာလာသည့် စစ်ကားကို ရှေ့ထွက်ပြောင်းဖြင့် တိုက်ခိုက်မှု စစ်သားများ ထိခိုက်ကျဆုံးမှုရှိ

Author လင်းခိုင်
Categories
Published on Dec 27, 2022

 

လူမှုကူညီရေးကား အသုံးပြုကာ စစ်ကိုင်းမှ- မုံရွာသို့ထွက်ခွာလာသည့် စစ်ကားကို မြင်းမူမြို့နယ်တွင် ရှေ့ထွက်ပြောင်းဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သားများ ထိခိုက်ကျဆုံးမှုရှိနိုင်ကြောင်း People’s Knight Defense Force Myinmu မှ ပြန်ကြားရေးတာ၀န်ခံက CJ Platform သို့ ယနေ့တွင် ပြောကြားသည်။

ဒီဇင်ဘာ ၂၆ ရက် ည ၉နာရီ ၄၅ မိနစ်တွင် လူမှုကူညီရေးကားများအား အသုံးပြုကာ စစ်ကိုင်းဘက်မှ မုံရွာသို့ ထွက်ခွာလာသည့် စစ်ကောင်စီတပ်သားများ လိုက်ပါလာသည့်ကားကို မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာနှင့် ၀မ်းပြည့်ကျေးရွာ ကြားတွင် PDF ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ စစ်ေ-ွးတွေ လူမှုကူညီရေးကားတွေ အသုံးပြုပြီး ထွက်လာတာကို သတင်း အတိအကျ ရထားတာကြောင့် ၀မ်းပြည့်ရွာနဲ့ အလ္လကပ္ပကျေးရွာကြားမှာ ညီနောင်မဟာမိတ်များ ပူးပေါင်းပြီးတော့ ရှေ့ထွက်ပြောင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်။ ညဘက်ဆိုတော့ ေ-ွးအင်အား ဘယ်လောက်ကျသွားတယ်ဆိုတာ အတိအကျမသိရပေမယ့် ကားကို တိုက်ရိုက်ထိမှန်သွားတာဆိုတော့ ထိခိုက်ကျဆုံးမှုရှိနိုင်တယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ပြောသည်။

ထိုကဲ့သို့ တိုက်ခိုက်မှုကြောင့် မိုင်းစများသည် စစ်ကားများကို ထိမှန်ခဲ့ကား ကားမှန်များပင်ကွဲထွက်ခဲ့ကာ၊ ပူးပေါင်းတပ်ဖွဲ့များမှ အထိအခိုက်မရှိ ပြန်လည်ဆု တ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ ကျွန်တော်တို့မှာ လက်နက်ရှိခဲ့ရင် ေ-ွးတွေကို အခုထက်တိုက်ခိုက်နိုင်မှာ၊ အခုတော့ တိုက်ခိုက်ပြီးပြန်ဆုတ်လာတာ၊ ပြောက်ကြားစနစ်နဲ့ မိုင်းဆွဲတိုက်ခိုက်တာမျိုးလောက်ကိုပဲ အဓိကထားလုပ်ဆောင်နိုင်ခဲ့တယ်” ဟု ပြန်ကြားရေးတာ၀န်ခံက ဆက်လက်ပြောကြားသည်။

ယခုစစ္ဆင္ေရးအား People’s knight Defense Force Myinmu ( PKDF-MMU)နှင့်အတူ People’ Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F- MMU ၊ PAFD တပ်ခွဲ Dog Killers People Defense Force Myinmu ( DKPDF) စသည့် ညီနောင်မဟာမိတ်အဖွဲ့များမှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #လူနာတင်ကား #မြင်းမူမြို့ #စစ်ကောင်စီယာဉ်တန်း #မိုင်းထိ