လုပ်ကြည့်ရင် ဘယ်တော့မှ နောင်တမရစေမဲ့ အလေ့အကျင့်(၅)ခု

Author လင်းနွေဦး
Categories
Published on Oct 02, 2023

ယနေ့ခေတ် ကမ္ဘာကြီးဟာ လူသားတွေရဲ့ တီတွင်ဖန်တီးမှု ဘေးထွက်ဆိုးကျိုးတွေကြောင့် အဖက်ဖက်က ထိခိုက်ယိုယွင်းကာ အဆိုးဘက်ကို ဦးတည်လာနေပါတယ်။ လူသားတွေလည်း ထိုနည်းလည်းကောင်းပါပဲ၊ ကိုယ်တီထွင်တဲ့အတတ်ပညာ နဲ့ ကိုယ့်အတတ် ကိုယ်ပြန်စူးသလို ဖြစ်နေကြပါတယ်။

ဒီနေ့မှာတော့ CJ Platform ကနေပြီး စာဖတ်သူတို့ အတွက်သာမက တစ်ချို့ အချက်တွေက အနာဂတ်ကမ္ဘာကြီး အတွက်ပါ အကျိုးရှိစေပြီး လုပ်ကြည့်ရင် ဘယ်တော့မှ နောင်တ မရစေမဲ့ အလေ့အကျင့် (၅)ခု ကို ဝေမျှ ပေးချင်ပါတယ်။

၁.လမ်းလျှောက်ပါ။

ဟုတ်ပါတယ်၊ လမ်းလျှောက်ခိုင်းလို့ တစ်မျိုးမတွေးပါနဲ့ဦး။ ယနေ့ခေတ် ကျွန်တော်တို့တွေဟာ လမ်းလျှောက်ခြင်းကို အလေ့အကျင့်လို့ မမြင်ကြတော့ပဲ များသောအားဖြင့် ဘစ်ကား စီးတာ၊ ဆိုင်ကယ် သို့မဟုတ် ကားနဲ့ သွားလာတာတွေ ပဲလုပ်နေကြတာပါ။ (ခြွင်းချက် အနေနဲ့ စက်ဘီးစီးတာကို မထည့်ထားရခြင်းက သူ က ကျန်းမာရေးနဲ့ညီညွှတ်နေလို့ပါ)

လမ်းလျှောက်ပေးခြင်းက တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အလုပ်ပေးသလိုဖြစ်တာကြောင့် ကျန်းမာရုံသာမကပဲ ကြံ့ခိုင်ပြီး သက်လုံကောင်းစေပါတယ်။ တကယ်ကို အလွယ်လေးရနိုင်တဲ့ အားသာချက်တစ်ခုပါ။ လမ်းထိပ် မုန့်သွားဝယ်တာ ဟိုနားဒီနားသွားတာမျိုးတွေမှာ ယာဉ်တွေအသုံးပြုမဲ့ အစား လမ်းလျှောက်ခြင်းကို ပြုလုပ်ခြင်းဖြင့် ကမ္ဘာကြီး ပူနွေးမှုဖြစ်စေတဲ့ စွမ်းအင်ထုတ်လွှတ်မှုတွေကို ခြွေတာရာရောက်ပါတယ်။

၂. အပင်စိုက်ပါ။

ကျွန်တော်တို့အတွက်ကော ကမ္ဘာကြီးအတွက်ပါ အကျိုးရှိစေမဲ့ ဒုတိယအလေ့ကျင့်ကတော့ အပင်စိုက်တာပါ။

အပင်စိုက်တယ်ဆိုတာ လွယ်ကူတဲ့ အခြေအနေတော့ မဟုတ်တဲ့အတွက် အလေ့အကျင့်လို့ သုံးထားရတာပါ။ အပင်စိုက်တာက ဂရုစိုက်ပေးဖို့လိုသလို နေရာအခင်းအကျင်းကလည်း လိုအပ်တာကြောင့် တစ်နိုင်တစ်ပိုင် ပန်းအိုးလေးတွေနဲ့ စိုက်ကြည့်ဖို့ အကြံပေးလိုပါတယ်။

နေရာအခင်းအကျင်း ပြဿနာမရှိသူတွေအဖို့ကိုတော့ အရိပ်အာဝါသ ကောင်းစေပြီး စားလို့လည်း သရက်ပင် ၊မကျည်းပင် သင်္ဘောပင် စတာတွေ စိုက်ပျိုးဖို့ အကြံပြုချင်ပါတယ်။

အစိမ်းရောင်ရှိတဲ့ အပင်တွေ စိုက်ပေးခြင်းဟာ အချိန်တစ်ခုရောက်တဲ့အခါ လူသားတွေအတွက် နေ့စဉ်ရှုရှိုက်နေတဲ့ Oxygen ကို သူတို့ရဲ့ အစာချက် ဖြစ်စဉ်ကနေ ပြန်လည်ထုတ်လွှတ်ပေးတဲ့အတွက် ဂေဟ စနစ်အတွက် အရေးပါတဲ့ သူလေးတွေ လို့ပြောရင်လည်း မမှားပါဘူး။

ကျွန်တော်တို့ အနေနဲ့လည်း စိုက်ပျိုးတဲ့ အပင်အလျောက် ဂရုစိုက်ပေးတတ်ခြင်း၊ စိတ်ရှည်ခြင်း စတဲ့ အကျိုးရလဒ်တွေ ရရှိမှာဖြစ်သလို သီးပင် ပန်းပင်တွေ စိုက်ပျိုးခဲ့မယ်ဆိုရင်လည်း အချိန်တစ်ခုရောက်တဲ့အခါ Organic သီးနှံ ပန်းပွင့်တွေ ပြန်လည်ရရှိစေမှာပါ။

၃.Learn English (အင်္ဂလိပ်စာ လေ့လာပါ)။

ကမ္ဘာပေါ်မှာ အသုံးအများဆုံး ဘာသာစကား (၃) မျိုးရှိပါတယ်။ ဒါကတော့ လူဦးရေ နဲ့ တိုင်းတာပြီး ရရှိထားတဲ့အချက်အလက်ပါ။ နံပါတ် (၁)အဖြစ် Chinese language(တရုတ်ဘာသာစကား) ဖြစ်ပြီး ဒုတိယကတော့ English language( အင်္ဂလိပ်ဘာသာစကား)ဖြစ်ပါတယ်။နောက်ဆုံး တစ်ခုကတော့ Spanish Language(စပိန် ဘာသာစကား) ပါ ။

ဒီအထဲကမှ English Language (အင်္ဂလိပ်ဘာသာစကား)ဟာ Global language လို့သတ်မှတ်နိုင်ပြီး ကမ္ဘာ့လူဦးရေ ၇ ဘီလီယံ ရဲ့ ထက်ဝက်ကျော်ဟာ ဒီဘာသာစကားကို အသုံးပြုကြပါတယ်။

ဆိုလိုတာက သင်ဟာ ဒီဘာသာစကားကို တတ်မြောက်ထားမယ်ဆိုရင် ကမ္ဘာပေါ်က နိုင်ငံတော်တော်များများကို သွားလာနိုင်ပြီး လူတော်တော်များများနဲ့ ဆက်သွယ်ပြောဆိုနိုင်မှာပါ။

နေ့စဉ်အသုံးပြုနေတဲ့ Social Media တွေပေါ်မှာ သတင်းတွေ ၊မိမိသိလိုတဲ့ ပညာရပ်တွေ တော်တော်များများဟာ English လို ရေးသားထားကြတာဖြစ်ပြီး ယခု အခါ လုပ်ငန်းခွင်များမှာပါ English ဟာ Essential skills (လိုအပ်တဲ့ စကေးတစ်ခု)ဖြစ်လာနေပြီး ကိုယ်ရည်မှန်းတဲ့နေရာတစ်ခု ရောက်ရှိဖို့ ဘဝအတွက် လိုအပ်တဲ့ Life skills တစ်ခု လို့ပြောရင်လည်း မလွန်ပါဘူး။

၄.နေ့စဉ် အသုံးပြုတဲ့ Social Media များမှ တစ်ခုခု ရရှိအောင် သင်ယူပါ။

တစ်ခုခုလို့ဆိုရာမှာ Social Media (Facebook, Instagram, Ticktock) စတဲ့ Platforms တွေကနေ ဒေါသထွက်စရာ ကြေကွဲစရာ သိမ်ငယ်စရာတွေကို ရယူဖို့မဟုတ်ဘဲ မိမိအတွက် မှတ်သားစရာ ပညာရပ် တစ်ခုခု၊ သိထားသင့်တဲ့ ဘာသာစကား အသုံးအနှုန်း တစ်ခုခု၊ ဗဟုသုတရစရာ အချက်အလက်တစ်ခုခု၊ အလုပ်နယ်ပယ်အတွက် skills တစ်ခုခု စတဲ့မိမိအတွက် အကျိုးရှိစေမဲ့ တစ်ခုခု ကို ရရှိအောင် လုပ်ပါလို့ ဆိုလိုပါတယ်။

ရေပေါက်လေးတွေများရင် ရာဝင်အိုးကြီလည်း ပြည့်သလို မျိုး တစ်နေ့တာရရှိတဲ့ မှတ်သားစရာ တစ်ခုခု တွေ များလာတဲ့အခါ အချိန်တစ်ခု ရောက်ရှိရင် ကိုယ့်မှာ ဗဟုသုတတွ ပြည့်ဝနေမှာမို့ Social Media များကို လေ့လာမှတ်သားစရာ Platforms များအဖြစ် မှတ်ယူစေလိုပါတယ်။

၅.စာဖတ်ပါ။

နောက်ဆုံး အလေ့အကျင့်တစ်ခုကတော့ စာဖတ်ခြင်းပါ။

စာဖတ်ခြင်းက ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ ပြောမပြနိုင်အောင်များလှပါတယ်။အချိန်လေးတစ်ခု သတ်မှတ်ပြီး နာရီဝက် သို့မဟုတ် တစ်နာရီ လောက် ကိုယ့်အားလပ်ချိန်တွေမှာ ကိုယ်နှစ်သက်ရာ ဝတ္ထု၊ပုံပြင်၊ကဗျာ ၊ဘာသာပြန် စာအုပ်တွ ၊ မဂ္ဂဇင်းတွေ စတာတွ ဖတ်ရှုနိုင်ပါတယ်။ဗဟုသုတတိုးပွားခြင်း၊ အာရုံစူးစိတ်မှုကောင်းခြင်း၊ ခံစားမှု အတွေးအမြင် ပိုမိုကျိုးကြောင်းဆီလျော်ခြင်း၊ ပိုမိုရင့်ကျက်လာခြင်း စတဲ့အကျိုးကျေးဇူးတွေကို စာဖတ်ခြင်းကနေ ရနိုင်ပါတယ်။

ဒီနေရာမှာ တစ်ခုသတိပေးလိုတာက on paper (စာအုပ် တွေ )ကို ဝယ်ဖတ်ဖို့ အကြံပေးလိုပါတယ်။ ဒီလိုအကြံပေးရတာ စာရေးသူကိုယ်တွေ့ အချက်နှစ်ချက်ကြောင့်ဖြစ်ပါတယ်။

ပထမ တစ်ချက် ကတော့ ယနေ့ခေတ် အရ ဖုန်းတွေ ၊ computers နဲ့ laptops တွေ ရှိလာတဲ့အခါ တော်တော်များများက စာအုပ်တွေကို မဝယ်ဖတ်တော့ပါဘူး။ အကျိုးဆက်အနေနဲ့ စာအုပ်တိုက်တွေ ရောင်းချသူတွေ စာရေးဆရာအတွက် ထိခိုက်လာရတာပါ။

ဒုတိယတစ်ချက် အနေနဲ့ online ပေါ်က ဖတ်ရှုတဲ့အခါ အာရုံစိုက်မှု ပျံလွင့်ရတဲ့ ပြဿနာပါ။ ထင်သာအောင် ဥပမာ ပေးရရင် ကိုယ်က အကြောင်းအရာထဲ စာအုပ်ထဲ ဈာန် ဝင်စားနေချိန် Messenger ကနေ Noti တွေ တတောင်တောင် တက်တာမျိုး၊ ဟိုက ဒီက သူငယ်ချင်းတွေက line ပေါ်က ဖုန်းလှမ်းခေါ်တာ စာလှမ်းပို့တာ စတဲ့ အကြောင်းအရာတွေကြောင့ အာရုံပျံ့လွင်မှုတွ ရှိနိုင်တာကြောင့်ပါ။

ဒီအလေ့အကျင့်(၅)ချက်ကို ပြုလုပ်ခြင်းဖြင့် စာဖတ်သူတွေအတွက်သာမက အနာဂတ်ကမ္ဘာကြီး အတွက်ပါ အကျိုးရလဒ်တွေ ဖြစ်ထွန်းစေမယ်လို့ ယုံကြည်သောကြောင့် CJ platform မှ မျှဝေလိုက်ပေးရခြင်းဖြစ်ပါတယ်။