လမ်းဘေးရပ်ထားတဲ့ တွဲကားကို ဆီဘောက်ဆာကား ဝင်တိုက် တစ်ဦးသေဆုံး

Author CJ Platform
Categories
Published on Jul 18, 2025

ရန်ကုန်မြို့ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် ၆၁ ရပ်ကွက် ရတနာလမ်းမှာ ဇူလိုင် ၁၇ရက်နေ့ ည ၉နာရီ ၃၉မိနစ်ခန့်က လမ်းဘေးရပ်ထားတဲ့ တွဲကားတစ်စီးကို ဆီအပြည့်တင်လာတဲ့ ဆီဘောက်ဆာကားက ဝင်တိုက်မိတာကြောင့် အမျိုးသားတစ်ဦး သေဆုံးသွားတယ်လို့ ဒေသတွင်း လူမှုရေးအဖွဲ့တွေဆီက သိရပါတယ်။

 

ယာဉ်တိုက်မှုကြောင့် ဆီဘောက်ဆာယာဉ်မောင်းမှာ ကားခေါင်းခန်းအတွင်း ညပ်မိပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်စဉ်ကို ဖြူစင်နှလုံးသား နာရေးနှင့် လူမှုကူညီရေးအသင်း၊ အကြင်နာကုသိုလ်ပြု ဘဘကြီးအသင်း တို့က သွားရောက်ကူညီပေးခဲ့ပြီး သေဆုံးသွားသူ ဆီဘောက်ဆာယာဉ်မောင်းကို မြောက်ဥက္ကလာပ ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

 

 

ဒီသတင်းဟာ CJ Platform ရဲ့ Citizen Journalists တစ်ဦးပေးပို့လာတဲ့ သတင်းဖြစ်ပါတယ်။

 

CJ Platform ရဲ့ CJ Report ကဏ္ဍအတွက် သတင်းပေးပို့လိုပါက  CJ Platform Facebook Page Messenger ကနေဖြစ်စေ၊ Telegram မှာ @cjreport1 လို့ ရှာဖွေပြီး ပေးပို့နိုင်ပါတယ်။

 

ဓာတ်ပုံ – ဖြူစင်နှလုံးသားနာရေးနှင့် လူမှုကူညီရေးအသင်း