ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်နှင့် ဝါဆိုဆရာတော် မွေးရပ်မြေကို စစ်တပ်မီးရှို့မှု နေအိမ် ၇၀၀ ကျော်ပျက်စီး

Author လင်းခိုင်
Categories
Published on Dec 22, 2022

 

ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်နှင့် ဝါဆိုဆရာတော် မွေးရပ်မြေကို စစ်ကောင်စီတပ်များ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၇၂၉ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကိုင်းမြို့နယ်၊ မိုးသောက်(ဘောက်သောက်) ကျေးရွာအုပ်စု၊ လင်းယဉ် ၅ ရွာမှ လူနေအိမ် ၇၂၉ လုံးကို စစ်ကိုင်းအခြေစိုက် တပ်မ ၃၃ မှ စစ်ကြောင်းသည် ဒီဇင်ဘာ ၂၁ ရက် တရက်တည်း၌ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

သက်တော် ရာကျော်ခဲ့သည့် ရွှေကျင်သာသနာပိုင် စံကင်းဆရာတော်နှင့် မန္တလေးမြို့ အနောက်ပြင် မဟာဝိသုဒ္ဒါရုံ တိုက်သစ် ဝါဆိုကျောင်းမှ ရွှေကျင်ဂိုဏ်း သာသနာပိုင်ဆရာတော် ဥုးအဂ္ဃိယ မွေးရပ်မြေကို တပ်မ ၃၃ မှ ရွာလုံးကျွတ် မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးကဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ တပ်မ ၃၃ မှ တစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့သည့် ရွာများသည် မိုးသောက်ရွာ အိမ်ခြေ ၂၅၀၊ လင်းယဉ်ရွာ အိမ်ခြေ ၁၅၀၊ လင်ယဉ်ရွာသစ် အိမ်ခြေ ၁၃၀၊ ရှမ်းကုန်းရွာ အိမ်ခြေ ၁၄၈လုံးနှင့် ကုန်းကြီးရွာတွင် အိမ်ခြေ ၅၁ လုံးတို့ကို မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့ မီးလောင်ဖျက်ဆီးခံခဲ့ရမှုကြောင့် ဒေသခံများအနေဖြင့် အရေးပေါ် ရိက္ခာ၊ မိုးကာ၊ အ၀တ်အထည်၊ ဆောင်စသည့် အသုံးအဆောင်ပစ္စည်းများ လိုအပ်နေသည့်အတွက် ပြည်သူများအနေဖြင့် ဝိုင်း၀န်းကူညီပေးကြရန် စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးက မေတ္တာရပ်ခံထားသည်။

ဓာတ်ပုံ-စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #စံကင်းဆရာတော် #ရွှေကျင်သာသနာပိုင် #ဝါဆိုဆရာတော်