ရန်ကုန်မြို့ရှိ Bar နှင့် Club အချို့တွင် “ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူ သောစာတန်းဖြင့် ဆန္ဒထုတ်ဖော်

Author မွန်လေး
Categories
Published on Dec 23, 2022

 

ရန်ကုန်မြို့ရှိ Bar နှင့် Club အချို့တွင် “ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူ သောစာတန်းဖြင့် Yangon Revolution Force က ဆန္ဒထုတ်ဖော်မှု တစ်ရပ်ပြုလုပ်ခဲ့သည်။

ရန်ကုန်မြို့ရှိ လူအများသွားရောက်လေ့ရှိသည့် Bar နှင့် Club များတွင် “ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” ဟူသည့် စာတန်းပါ Sticker များကို လူထု လှုံဆော်သည့် လှုပ်ရှားမှု အဖြစ်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်း ကာလ ၂ နှစ်နီးပါး ရှိသည့်အချိန်ထိ မြန်မာနိုင်ငံရှိ ပြည်သူများစွာသည် အာဏာရှင်ကို ဆက်လက်တော်လှန်နေဆဲဖြစ်ကြောင်း၊ အသက်အိုးအိမ်၊ စည်းစိမ်တို့ကို စွန့်လွှတ်ပြီး အာဏာရှင် ပြုတ်ကျသည်အထိ တိုက်ပွဲဝင်သွားမည့် နွေဦးတော်လှန်ရေးသူရဲကောင်းများစွာလည်းရှိနေဆဲဖြစ်ကာ၊ မြန်မာပြည် အနှံ့တွင် တော်လှန်ရေးအရှိန်မြှင့်ကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အပေါင်းအပါတို့အား အားမာန်အပြည့်ဖြင့် ဆက်လက်တော်လှန်တိုက်ခိုက်နေဆဲဖြစ်သည်ဟု Yangon Revolution Force က ဆိုသည်။

သို့သော် အာဏာရှင်၏ အကြမ်းဖက် ဖိနှိပ်ချုပ်ချယ်မှုကြောင့် ရန်ကုန်မြို့အပါအဝင် မြို့ပြဒေသများတွင် ပြည်သူလူထုအနေဖြင့် နွေဦးတော်လှန်ရေးကို သိသာထင်ရှားစွာ ပါဝင်ပံ့ပိုးနိုင်မှု အားနည်းနေပြီး၊ တိတ်ဆိတ်စွာ ရရာနည်းလမ်းဖြင့် တော်လှန်အင်အားစုများကို ဆက်လက်ပံ့ပိုးနေသည့် မြို့ပြနေပြည်သူများလည်း အမြောက်အမြားရှိသည်ဟု Yangon Revolution Force က ဖော်ပြထားသည်။


ပြည်သူလူထုအနေဖြင့် အပန်းဖြေ၊ အနးယူခြင်းတို့ကို အပြစ်မပြင်ကြောင်း၊ သို့သော် အပန်းဖြေအနားယူရာတွင် စစ်ကောင်စီနှင့် ဆက်စပ်နေသည့် Bar၊ Club၊ စားသောက်ဆိုင်၊ ခန်းမနှင့် တည်းခိုရာနေရာများအား ရှောင်ကျဉ်ရန်နှင့် ပွဲလမ်းသဘင်များကို စစ်တပ်နှင့်ဆက်နွယ်သူများ စီစဉ်ပါက မလွဲမသွေ boycott လုပ်ကြရန် ယခုကဲ့သို့ “ ငါတို့နိုင်ရင် ဒီ့ထက်ပိုပျော်ရမှာကွာ” စာတန်းဖြင့် လှုပ်ရှားမှုပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform

#CjPlatform #YRF #လူထုသပိတ်တိုက်ပွဲ