ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

Published on Sep 30, 2023

ယနေ့ စက်တင်ဘာ ၃၀ ရက်နေ့အတွက် မိုးလေဝသခန့်မှန်းချက်

CJ Platform

{၁} ကရင်၊ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် နေရာအနှံ့အပြား၊
{၂} ရခိုင်၊ ချင်း၊ ရှမ်း၊ ကယားပြည်နယ်တို့နှင့် ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးတိုင်းတို့တွင် နေရာစိပ်စိပ်၊
{၃} ကချင်ပြည်နယ်၊ စစ်ကိုင်တိုင်းနဲ့ နေပြည်တော်တို့တွင် နေရာကျဲကျဲနှင့် ကျန်ဒေသများတွင် နေရာကွက်ကျား မိုးထစ်ချုန်း ရွာနိုင်ကြောင်း

သတိပြုရန်အနေဖြင့် တနင်္သာရီတိုင်း၊ မွန်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနမှ သတိပေးထုတ်ပြန်သည်။

ရခိုင်ကမ်းရိုးတန်းဘက်တွင် အနောက်တောင်ဘက်က လေ တစ်နာရီကို ၁၀ မိုင်မှ ၁၅ မိုင်ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့် ရှိနိုင်ကာ၊ မုတ္တမကွေ့နှင့် တနင်္သာရီကမ်းရိုးတန်းတို့တွင် အနောက်ဘက်မှလေသည် တစ်နာရီကို ၁၅ မိုင်မှ မိုင် ၂၀ ခန့်အထိ တိုက်ခတ်နိုင်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ခန့်မှန်းထုတ်ပြန်ထားပါသည်။

🖋 မင်းထက်

#CJPlatform #မိုးလေဝသ