မြန်မာနိုင်ငံတောင်ပိုင်းမှ လွဲပြီး ကျန်ပြည်နယ်နှင့်တိုင်းများ မိုးတိမ်ကင်းစင်နေသည့်အတွက် ဖေဖော်ဝါရီလထိ အအေးပိုနိုင်

Published on Jan 19, 2023

 

မြန်မာနိုင်ငံတောင်ပိုင်းမှ လွဲပြီး ကျန်ပြည်နယ်နှင့်တိုင်းများတွင် မိုးတိမ်ကင်းစင်နေသည့်အတွက် ဖေဖော်ဝါရီလထိ အေးနေမည်ဖြစ်ကြောင်း မိုးလေ၀သစောင့်ကြည့်လေ့လာသူ ဦး၀င်းနိုင်က ယင်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ရေးသားထားသည်။

လာနီညာသည် အားပျော့လာပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီနှင့် ဧပြီလအတွင်း ပုံမှန်ကြားနေရာသီဥတု အခြေအနေသို့ ရောက်ရှိရန် ၈၂ ရာခိုင်နှုန်းထိ သေချာမှုရှိကြောင်း Climate Prediction Center က ထုတ်ပြန်ထားသည်ဟု ဦး၀င်းနိုင်ကဆို သည်။

အသစ်ထွက်ရှိလာသည့် Climate Prediction Center ၏ ထုတ်ပြန်ချက်အရ ဇန်နဝါရီ ၂၅ ရက်မှ ၃၁ ရက်ကာလအတွင်း တောင်တရုတ်ပင်လယ်တွင် လေဖိအားနည်းရပ်၀န်းနှင့် မုန်တိုင်း ဖြစ်ပေါ်နိုင်ခြေ ၂၀ ရာခိုင်နှုန်းအထိရှိနေပြီး၊ ယင်းအရှိန်ကြောင့် မြန်မာနိုင်ငံ တောင်ပိုင်း၊ တနင်္သာရီတောင်ပိုင်းတွင် မိုးရွာနိုင် ခြေ ၅၀ ရာခိုင်နှုန်းရှိသည်ဟု ဦး၀င်းနိုင်ကပြောကြားသည်။

“ကျန် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာတော့ ဖေဖော်ဝါရီလဆန်ပိုင်းမှ လကုန်ပိုင်းအထိကို ဆက်လက်အေးနိုင်မှာဖြစ်ပါတယ်” ဦး၀င်းနိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၃ ဇူလိုင်၊ သြဂုတ်နှင့် စက်တင်ဘာလများတွင် အယ်နီညိုဖြစ်လာနိုင်မည့် အခြေအနေ ၅၀ ရာခိုင်နှုန်းအထိရှိလာသည့်အတွက် ယခုနှစ် မိုးရာသီအလယ်ပိုင်းတွင် ထူးခြားသည့် ရာသီဥတု ဖြစ်ပေါ်ပြောင်းလဲခြင်းများ အနည်းငယ်ရှိနိုင်ကြောင်းလည်းသိရသည်။

Website Link: https://cjplatform.com/
Telegram Link: https://t.me/cjplatform
YouTube Link: https://www.youtube.com/@cjplatform
Twitter Link: https://twitter.com/CjPlatform
#CjPlatform #မိုးလေဝသတင်း #အအေးပိုနိုင်