မုန်လိုင်ခက် စစ်ဘေးရှောင်စခန်း တိုက်ခိုက်ခံရမှု UNICEF Myanmar နှင့် Unites Nations In Myanmar တို့ ဝမ်းနည်းကြောင်း ထုတ်ပြန်၊ ကျူးလွန်သည့် အဖွဲ့အစည်းအား ထည့်သွင်း ဖော်ပြထားခြင်း မရှိ

Author လင်းနွေဦး
Categories
Published on Oct 10, 2023

တရုတ်နိုင်ငံ နယ်စပ်မြို့ အနီးရှိ မုန်လိုင်ခက် စစ်ဘေးရှောင်စခန်းအား ယမန်နေ့ အောက်တိုဘာ ၉ရက် ည ၁၁ နာရီဝန်းကျင်က စစ်ကောင်စီတပ်မှ လက်နက််််််််််််ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း ကလေးသူငယ်များ အပါအဝင် ၂၉ ဦး သေဆုံးကာ ၅၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အပေါ် ကမ္ဘာလုံးဆိုင်ရာ ကလေးသူငယ်များအတွက် ဖွဲ့စည်းထားသည့် UNICEF Myanmar နှင့် United Nations In Myanmar တို့ မှ ဝမ်းနည်းကြောင်း ထုတ်ဖော်မှုကို ၎င်းတို့၏ acebook စာမျက်များတွင် ရေးသားခဲ့သည်။

ထုတ်ပြန်ချက်တွင် လိုင်ဇာရှိ စစ်ဘေးရှောင်စခန်းသို့ လေကြောင်းတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးသူငယ်များ အပါအဝင် အရပ်သား ပြည်သူများ သေဆုံးသည့်အပေါ် ၎င်းတို့အနေဖြင့်များစွာ ထိတ်လန့်ဝမ်းနည််််််််းကြောင်း၊ လက်ခံစရာအကြောင်းပြချက် လုံးဝမရှိကြောင်း ၊မြန်မာနိုင်ငံရှိ ကလေးသူငယ်များသည် လုံခြုံ၍ စိုးရိမ်ကြောင့်ကြမှု ကင်းသောနေရာတွင် ရှင်သန်ကြီးပြင်းရမည် ဖြစ်ကြောင်း၊ ကလေးသူငယ်များနှင့် အရပ်သားပြည်သူများသည် မည်သည့်အခါမှ အကြမ်းဖက် တိုက်ခိုက်ခံရခြင်း၏ ပစ်မှတ် မဟုတ်ကြောင်း စသည်ဖြင့် ပါရှိသည်။

သို့သော် ကမ္ဘာလုံးဆိုင်ရာ အနေအထားဖြင့် ကလေးသူငယ်များအတွက် ရည်ရွယ်ဖွဲ့စည်းထားသော အဖွဲ့အစည်းများ အနေဖြင့် စစ်ဘေးရှောင်စခန်း တိုက်ခိုက်မှုအား စစ်ကောင်စီမှ လုပ်ဆောင်ခဲ့ကြောင်း ပြည်တွင်းသတင်းဌာနများတွင် ဖော်ပြထားသော်လည်း မည်သည့်အဖွဲ့မှ ကျူးလွန်ခဲ့သည်ကို ထည့်သွင်းဖော်ပြထားခြင်း မရှိသည်ကို တွေ့ရှိရသည်။

United Nations International Children’s Emergency Fund(UNICEF) အဖွဲ့အစည်းအား ၁၉၄၆ ခုနှစ်မှ စတင်ကာ ဒုတိယကမ္ဘာစစ် အပြီး စစ်ဘေးကြောင့် ဥရောပနှင့် တရုတ်ရှိ အကူညီလိုအပ်နေသူ မိခင်များနှင့် ၎င်းတို့ ကလေးငယ်များအား ကျန်းမာရေးနှင့် စားနပ်ရိက္ခာများ ထောက်ပံပေးနိုင်ရန် ဦးတည်ရည်ရွယ်ကာ တည်ထောင်ခဲ့ခြင်း ဖြစ်ပြီး နောက်ပိုင်းတွင် တစ်ကမ္ဘာလုံးဆိုင်ရာ လူမှုအဖွဲ့အစည်းကြီးတစ်ခု အဖြစ် သတ်မှတ်ခြင်းခံခဲ့ရသည်။

ထို့နည်းတူ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများအကြားနှင့် အစိုးရများကြား ပေါင်းစည်းဆောင်ရွက်မှုများ၊ ကမ္ဘာ့အရေး ပြဿနာများ၊ စစ်ပွဲများ ထပ်မဖြစ်စေရန်နှင့် ကူညီထောက်ပံ့ ပေးရေး စသည့် ကိစ္စရပ်များအား စည်းဝေးဆောင်ရွက်မှုများ လုပ်ဆောင်ရန် ဒုတိယကမ္ဘာစစ်အပြီး ၁၉၄၅ ခုနှစ်တွင် United Nations( UN) ကို စတင် ဖွဲ့စည်းတည်ထောင်ခဲ့သည်။

ယခုအခါ ၎င်းတို့၏ ထုတ်ပြန်ချက် အောက်ရှိ Comment Box(ကော့မန့်)ခန်းများ တွင် ၎င်းတို့၏ ထုတ်ပြန်မှုတွင်ကျူးလွန်သူ ထည့်သွင်း ရေးသားခြင်းမရှိသည့်အပေါ် မြန်မာနိုင်ငံသားများ၏ ပြောဆိုဝေဖန်မှုများ များပြားလျက်ရှိနေသည်။